576 - 580

149 11 0
                                    

စစ်ဧကရာဇ်(Chapter:576)
(ရန်သူတွေကို ဖိနှိပ်ခြင်း)

     ယင်ယန်ဂိုဏ်းက အံ့ဖွယ်ရတနာတစ်ခုကို အသုံးပြုပြီး တိုက်ခိုက်ခဲ့သည်။ ယင်းက ဧကရာဇ်အဆင့် ရတနာတစ်ပါးဖြစ်ပြီး တော်ရုံရန်သူတစ်ယောက်ကို အလွယ်တကူ သတ်ဖြတ်ပစ်နိုင်စွမ်း ရှိပေသည်။ သို့သော် မထင်မှတ်ဘဲ လီကွမ်ရီကို ရှုံးနိမ့်ခဲ့ရုံသာမက အသက်ကိုပင် ဆုံးရှုံးခဲ့ရသည်။

     ဒါက မည်သူမှ မမျှော်လင့်ထားတဲ့ အခြေအနေတစ်ခု ဆိုလည်း မမှားချေ။ အားလုံးမှာ သူတို့အရှေ့မှ မြင်ကွင်းကို ကြည့်ပြီး အံ့အားသင့် တုန်လှုပ်နေကြရတော့သည်။ လီကွမ်ရီက ယင်ယန်ဂိုဏ်းချုပ်ကို ဤမျှ မြန်မြန်ဆန်ဆန် သတ်ဖြတ်နိုင်မည်ဟု မည်သူတစ်ဦးတစ်ယောက်ကမှ မျှော်လင့်မထားခဲ့ကြပေ။

     "အခုချက်ချင်း ရပ်လိုက်စမ်း"
ဘိုးဘေးဘုံရဲ့ကျင့်ကြံသူတွေလည်း တဒင်္ဂမင်သက်နေမိပြီးမှ ကျယ်လောင်စွာ အော်ဟစ်သည်။ ချက်ချင်းပင် ကျင့်ကြံသူ ၁၀ယောက်ကျော်က ရတနာလက်နက်တွေ ထုတ်ပြီး လီကွမ်ရီကို တိုက်ခိုက်ကြတော့သည်။ သို့သော် ထိုအချိန်မှာပင် လီကွမ်ရီရဲ့နေလသွေးပင်လယ်က ကမ္ဘာကြီးတစ်ခုလုံးကို နစ်မြုပ်ပစ်မတတ် ထွက်ပေါ်လာခဲ့သည်။ တစ်ဆက်ထဲမှာ ကံစွမ်းအားနန်းတော်၁၂ခု ပေါ်လာပြီး နေလသွေးပင်လယ်နဲ့ သဟဇာတ ဖြစ်စွာ ချိတ်ဆက်ကြသည်။ ချက်ချင်းပင် လီကွမ်ရီရဲ့အင်မော်တယ်ခန္ဓာကိုယ်က အဆုံးစွန်ထိ အားကောင်းလာပြီး တိုက်ခိုက်လာတဲ့ ရတနာလက်နက်တွေကို ဖယ်ရှားပစ်လိုက်သည်။

     ထိုစဉ် လီကွမ်ရီက အင်မော်တယ်ကြေးမုံကို ထုတ်ယူလိုက်သည်။ ရုတ်ချည်းပင်  ပတ်ဝန်းကျင်တစ်ခုလုံး ပြောင်းလဲသွားရသည်။ လက်ရှိမှာ လီကွမ်ရီက ကမ္ဘာကြီးတစ်ခုလုံးကို ကိုယ်စားပြုထားသည့်အလား ဝံ့ထည်စွာ ရှိနေခဲ့သည်။ ထိုအချိန်မှာပင် အင်မော်တယ် ကြေးမုံမှ အားကောင်းတဲ့ အလင်းတန်းတွေ ဖြာထွက်လာပြီး ရတနာလက်နက်တွေနဲ့အတူ ဘိုးဘေးနယ်မြေ ကျင့်ကြံသူတွေရဲ့ခန္ဓာကိုယ်တွေပါ တစ်စစီ ပေါက်ကွဲသွားရတော့သည်။ အလောင်းတွေက အပိုင်းအစတွေ အဖြစ် လွင့်ထွက်သွားကြပြီး လေထုထဲမှာလဲ သွေးညှီနံ့တွေ ပျံ့နှံ့သွားကြတော့သည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now