396 - 400

199 13 0
                                    


စစ်ဧကရာဇ်(Chapter:396)
.....................................
(စေ့စပ်ထားတဲ့သူ)
........................
" အင်မော်တယ်ဧကရာဇ်အဆင့် ဆေးပင်တွေလား......"
အင်အားကြီးဂိုဏ်းမှ ကျင့်ကြံသူတွေပင် ထွက်ပေါ်လာတဲ့ သတင်းစကားကြောင့် စိတ်လှုပ်ရှားစွာ ပြောဆိုနေကြတော့သည်။ အစပိုင်းမှာ လူအချို့က ထိုသတင်းကို သံသယ ဖြစ်နေကြသေးသည်။ သို့သော် နောက်ပိုင်းမှာတော့ အချို့သောသူတွေက ဒဏ္ဍာရီလာကျွန်းကို တွေ့ရှိခဲ့ပြီး ကျွန်းပေါ်မှ နဂါးအော်သံတွေ၊ အင်မော်တယ် အလင်းတန်းတွေကိုပါ မြင်ရ၊ကြားရခဲ့၍ လူတိုင်းက ထိုသတင်းကို ယုံကြည်သွားကြတော့သည်။

ကောလဟာလတွေက နေရာဒေသမရွေး လျငိမြန်စွာ ပျံ့နှံ့သွားကြသည်။ အင်မော်တယ်အဆင့် ဆေးပင် ဆိုသည့် သတင်းတစ်ခုကပင် လူတိုင်းကို ဆွဲဆောင်နိုင်စွမ်း အပြည့် ရှိသည်ဟု ဆိုရမည် ဖြစ်သည်။ အချိန်ခဏအတွင်းမှာပင် အင်အားကြီးမားတဲ့ ဂိုဏ်းအတော်များများက ချက်ချင်း လှုပ်ရှားလာခဲ့ကြပြီး ဒဏ္ဍာရီလာကျွန်း ပတ်ပတ်လည်မှာ စခန်းချ စောင့်ကြည့်နေကြတော့သည်။

ကောလဟာလဟု ဆိုပေမယ့် ဒဏ္ဍာရီလာကျွန်းပေါ်တွင် ထူးဆန်းတဲ့ အဖြစ်အပျက်တွေက အမှန်တကယ် ဖြစ်ပေါ်နေပေသည်။ တစ်ခါတစ်ရံတွင် ကျွန်းရဲ့ ကောင်းကင်ယံ၌ ထူးဆန်းတဲ့ ရုပ်ပုံတွေ ထွက်ပေါ်နေတတ်ပြီး တစ်ခါတစ်ရံမှာလည်း စူးရှတဲ့ ရွှေရောင်အလင်းတန်းတွေက နေရာအနှံ့ပျံသန်းနေကြပေသည်။ ဒါ့အပြင် နတ်ဆိုးအော်သံတွေနဲ့ အခြားကြောက်မက်ဖွယ် အော်ဟစ်သံတွေကိုလည်း ရံဖန်ရံခါ ကြားနေကြရသေးသည်။

" အင်မော်တယ်အဆင့် ဆေးပင်တွေ တကယ် ရှိလောက်မယ် ထင်တယ် "
ကျင့်ကြံသူ အချို့မှာ ထူးဆန်းတဲ့ ရုပ်ပုံတွေကို မြင့်ပြီး စိတ်လှုပ်ရှားမှု အပြည့်နဲ့ ရေရွတ်လိုက်ကြသည်။

အချိန်အနည်းငယ်ကြာပြီးနောက်မှာတော့ အတော်များများက ကျွန်းပေါ်တက်ရန် မစောင့်နိုင်အောင် ဖြစ်လာကြတော့သည်။ အက်အားကြီးဂိုဏ်းအတော်များများမှာ ချက်ချင်းပင် ‌ကျွန်းမြေပေါ်သို့ ဝင်ရောက်ရန် ကြိုးစားလိုက်ကြသည်။ သို့သော် သူတို့အားလုံး ကျွန်းမြေနဲ့ မထိခင်မှာပင် ထူးဆန်းတဲ့ မြူခိုးတွေရဲ့ ဝါးမြိုမှုကို ခံလိုက်ကြရပြီး ပျောက်ကွယ်သွားကြတော့သည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now