491 - 495

146 13 0
                                    

စစ်ဧကရာဇ်(Chapter:491)
(ကိုယ်ရံတော် ဆယ့်ရှစ်ယောက်)

     ကိုယ်ရံတော်၁၈ယောက်က လီကွမ်ရီကို ရှေ့ဆက်တိုးမရအောင် ဝိုင်းရံထားလိုက်ကြသည်။ ပြီးနောက် ခေါင်းဆောင်ဖြစ်ဟန် တူသူက လီကွမ်ရီကို ပြောသည်။
"ဂျူနီယာ၊ အမှားလုပ်ဖို့ မကြိုးစားပါနဲ့ "

     "ဟမ်၊ မင်းတို့ရဲ့သခင်က ငါ့အသက်ကို လိုချင်နေတာလေ၊ ငါက ဘာလုပ်ရမှာလဲ"
လီကွမ်ရီက ကိုယ်ရံတော်၁၈ယောက်ကို ပြုံး၍ ပြန်ပြောသည်။

     ကိုယ်ရံတော်ခေါင်းဆောင်က လီကွမ်ရီကို ကြည့်ပြီး လေးလေးနက်နက် ပြန်ပြောသည်။
"တကယ်ဆို ငါတို့က ဒီကိစ္စတွေမှာ ဝင်မစွက်ဖက်ချင်ဘူး၊ ဒါပေမယ့် သခင်မကို ကာကွယ်ဖို့ ငါတို့မှာတာဝန်ရှိနေတယ်"

     "ငါ့ကို တိုက်ခိုက်ဖို့ မင်းတို့အတွက် လွယ်ကူမှာ မဟုတ်ဘူး၊ မင်းတို့ရဲ့ သခင်မကိုယ်တိုင် ထွက်လာဖို့ ပြောလိုက်ပါ၊ ငါ့အချိန်တွေကို မဖြုန်းတီးနဲ့"
လီကွမ်ရီက လက်ကို ဝေ့ရမ်းရင်း ပြန်ပြောသည်။

     သူ့ရဲ့ စကားတွေက အဆုံးစွန်ထိ မောက်မာလွန်းအားကြီးသည်။ သို့သော် သိပ်မကြာမီက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲရလဒ်က လီကွမ်ရီအနေနဲ့ ထိုသို့ ဝင့်ကြွားနိုင်ကြောင်း ဖော်ညွှန်းနေပေသည်။ ကောင်းကင်ဘုံကမ္ဘာရှိ သူရဲကောင်း ၃ယောက်နဲ့ တန်းတူ ဖြစ်လာနိုင်သူ တစ်ယောက်က ဤသို့ ဝင့်ကြွားနိုင်သည်ဟု အားလုံးက နားလည်ထားကြသည်။ အင်းဆက်ဂိုဏ်းမင်းသား၊ အသူရာလုလင်တို့လို ဧကရာဇ်မျိုးဆက်တွေပင် လီကွမ်ရီကို ယှဉ်နိုင်ဖို့ အလှမ်းကွာဝေးနေသေးသည်။

     ကိုယ်ရံတော်ခေါင်းဆောင်က လီကွမ်ရီကို ကြည့်ကာ သက်ပြင်းချရင်း ပြန်ပြောသည်။
"ဂျူနီယာ၊ မင်းရဲ့အသက်အရွယ်အရ အခုလို အောင်မြင်မှုက အရမ်းကြီးကျယ်တယ်ဆိုတာ ငါတို့နားလည်တယ်၊ မင်းလို စွမ်းဆောင်နိုင်ဖို့ဆိုတာက တကယ်ကို မလွယ်ကူဘူး၊ ဒါပေမယ့် အခုလို လုပ်နိုင်တာလောက်နဲ့တော့ မင်းက ပြိုင်ဘက်ကင်းတစ်ယောက်လို့ မဆိုလိုနိုင်သေးဘူး၊ ‌မိုးကောင်းကင်ကိုးခုအောက်မှာ လူသူမသိသေးတဲ့ ကျားတွေ၊ နဂါးတွေ အများကြီး ရှိနေသေးတယ်"

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now