၁၂၁ - ၁၂၅

303 23 0
                                    


စစ်​ဧကရာဇ်​ ( Chapter:121)
.....................................
( ပစ်မှတ် ၁ )
.................
များစွာသော ကျင့်ကြံသူတွေမှာ သူတို့အရှေ့မှ မြင်ကွင်းကို ကြည့်ပြီး အံ့အားသင့်နေကြသည်။ ဂျီယန်ဇိုမျိုးနွယ်စုက ဒီနည်းလမ်းကို အသုံးပြုမည်ဟု သူတို့အားလုံးက မထင်ထားကြပေ။ အခုတော့ လီကွမ်ရီက ဘေးကြပ်နံကြပ်ဖြစ်နေပြီး မတိုက်ခိုက်လျှင်မရတော့တဲ့ အခြေအနေရောက်နေသည်။ သူတို့အားလုံးရဲ့ အမြင်တွင် လီကွမ်ရီက ရှုံးနိမ့်သွားပြီး ခွန်ပန်၆ဖော် ပြောင်းလဲခြင်းကျင့်စဉ်ကို လက်လွတ်ဆုံးရှုံးရတော့မည်ဟု တွေးတောနေကြတော့သည်။

သို့သော် လီကွမ်ရီကတော့ အနည်းငယ်မှ အံ့အားသင့်မသွားဘဲ ပြန်ပြောလိုက်သည်။
" အဟက်....ဒါကကောင်းပါတယ်၊ ဒါပေမယ့် မေးစရာတစ်ခုရှိတယ်၊ ခင်ဗျားရှုံးသွားရင်က ဘာပေးမှာလဲ....."

" မင်း.....မင်း...."
လီကွမ်ရီရဲ့ မေးခွန်းကြောင့် အရှေ့ပိုင်းမြစ်ဝှမ်းနိုင်ငံ မှူ းမတ်ကြီးမှာ မျက်နှာပျက်သွားရသည်။ ဒီမေးခွန်က သူ့အပေါ်အရှက်ခွဲလိုက်သလိုပင် ဖြစ်သည်။ နန်းတော်အရှင်အဆင့်က ကောင်လေးတစ်ယောက်က သူ့လိုလူကို ဒီမေးခွန်းမေးခြင်းမှာ အရှက်ခွဲ စော်ကားတာနဲ့ အတူတူပင် ဖြစ်သည်။ လီရှောင်းရန်သာ ကာကွယ်မပေးပါက လီကွမ်ရီကို ပုရွက်ဆိတ်တစ်ကောင်သတ်သလို သူက သတ်ပစ်မည်ဖြစ်သည်။

လီကွမ်ရီက အမှုမထားဟန်နဲ့ ဆက်ပြောလိုက်သည်။
" ခင်ဗျားပြောချင်တာက ဘာလဲ၊ ခင်ဗျားရှုံးသွားရင် ဘာမှ ပေးစရာမလိုဘူးလား၊ ခင်ဗျားပြောတော့ ဂျီယန်ဇိုမျိုးနွယ်စုက မျှတတယ်ဆို၊ ကျွန်တော့်အမြင်မှာတော့ ခင်ဗျားတို့က တစ်ဖက်သတ်ဆန်ပြီး ကိုယ့်ဘက်ကိုယက်တဲ့ လိပ်မျိုးဘဲ "

အရှေပိုင်းမြစ်ဝှမ်းနိုင်ငံမှူ းမတ်ကြီးမှာ လီကွမ်ရီရဲ့ စကားတွေကြောင့် တုန်လှုပ်သွားပြီး ဒေါသထွက်သွားတော့သည်။ သူက အံကို တင်းတင်းကြိတ်ပြီး ပြန်ပြောလိုက်သည်။
" ကောင်စုတ်လေး၊ မင်းငါ့ကို နိုင်အောင်တိုက်နိုင်ရင် သူတော်စင်အဆင့်ရတနာတစ်ခုကို ပေးမယ်၊ ဒါပေမယ့် ငါ့အထင်တော့ မင်းက ဒီအခွင့်အရေးကို မရလောက်ပါဘူး "

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now