၄၆ - ၅၀

343 31 1
                                    

စစ်​ဧကရာဇ်​ (Chapter:46)
.................................
( လေ့ကျင့်ပေးခြင်း ၂)
...........................
" ဟမ်...ငါတို့ထက် ငယ်တဲ့လူတစ်ယောက်က ဘာကျင့်စဉ်တွေများ ငါတို့ကို သင်ပေးနိုင်မှာလဲ၊ နည်းစနစ်အမှားအယွင်းတွေ လာသင်ပေးမလို့လားဟ၊ ဒီတစ်နှစ်အတွင်းမှာ စမ်းသပ်စစ်ဆေးပွဲကို ကျော်ဖြတ်နိုင်ဖို့ ငါက မျှော်လင့်ထားတာ၊ ဒီတစ်ယောက်သာ သင်ပေးလို့ကတော့ ငါတို့အတွက်မလွယ်ဘူး၊ ဂိုဏ်းရဲ့ အတွင်းစည်းတပည့် ဖြစ်ဖို့ နောက်ထပ်၅နှစ်တော့ ငါမစောင့်နိုင်ဘူးဟ "
မကျေမနပ်ဖြစ်နေတဲ့ တပည့်တစ်ယောက်က အခြားတပည့်တွေကို ပြောလိုက်သည်။

လီကွမ်ရီကို ကြည့်ပြီး တပည့်အများအပြားမှာ မပျော်မရွှင်ဖြစ်ကုန်ကြသည်။ သူတို့အားလုံးမှာ ကြံရာမရ ဖြစ်နေကြပြီး ညည်းညူ နေကြသည်။
" ဒါက ငါတို့အားလုံးကံဆိုးတာဘဲ၊ ငါတို့ထက် ငယ်တဲ့သူက ဘယ်လိုလုပ် ငါတို့ကို ပြန်သင်ပေးနိုင်မှာလဲ၊ သေချာတယ် ငါတို့အားလုံး ကံဆိုးမိုးမှောင်ကျတာ "

ပင်ကိုယ်ပါရမီ အနည်းငယ်ကောင်းမွန်ဟန်ရတဲ့ တပည့်တစ်ယောက်ကလည်း စိတ်ပျက်လက်ပျက် ညည်းတွားလိုက်ပြန်သည်။
" ဟမ်...အညံ့စားခန္ဓာကိုယ်၊ သာမာန် အသက်ဘီးနဲ့ သာမာန်သဘာဝစွမ်းအားသာ ရှိတဲ့ လူတစ်ယောက်က ငါတို့ဂိုဏ်းရဲ့ ပထမဦးစားပေးတပည့် ဖြစ်လာတယ်၊ အခုတော့ သူက ငါတို့ကို လေ့ကျင့်ပေးဦးမှာတဲ့လား "

" ရှူ း...တိုးတိုးပြောပါ အကို လူအို၊ ငါတို့ပြောတာတွေ သူကြားသွားပြန်ဦးမယ် "
တပည့်တစ်ယောက်က မကျေမနပ်ဖြစ်နေတဲ့ တပည့်တစ်ယောက်ကို တိုးတိုးလေး သတိပေးလိုက်သည်။

" သူကြားတော့ရော ဘာဖြစ်လဲ "
အကိုလူအို လို့ခေါ်တဲ့တပည့်က သူ့ရဲ့ အသံကိုမြင့်ပြီး အော်ပြောလိုက်ပြန်သည်။
" သူက အမှိုက်လိုကောင်ပါ၊ သူ့လိုကောင်က ငါတို့ကို ဘာလုပ်နိုင်ဦးမှာလဲ၊ ငါတို့က ကျင့်စဉ်လေ့ကျင့်ရာမှာ အောင်မြင်ဖို့ နီးစပ်နေပြီ၊ ငါတို့အားလုံးက နောက်နှစ်အနည်းငယ်အတွင်းမှာ စမ်းသပ်မှုကို ကျော်ဖြတ်ပြီး အတွင်းစည်းတပည့်တွေ ဖြစ်ဖို့ အခြေအနေကောင်းနေပြီ၊ သူ့ကြောင့်မို့တော့ ဘာမှ အမှားအယွင်း အဖြစ်မခံနိုင်ဘူး "

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now