856 - 860

129 11 0
                                    

စစ်ဧကရာဇ်(Chapter:856)
(ဒဏ္ဍာရီထဲက ဧကရာဇ်ကို ကွပ်မျက်ပွဲ)
...........................................................
     "ဒီအကြောင်းတွေကို မေ့လိုက်ပါတော့ ကလေး"ဂိုလမ်က လီကွမ်ရီအကြောင်း တဖြည်းဖြည်း စိတ်ဝင်စားလာတဲ့ မိန်အောင်နန်ကို ပြုံး၍ ကြည့်သည်။ သူ့အနေနဲ့ ဒီထက်ပိုပြီး ဆက်မပြောရဲသလို ပြောလည်း မပြောချင်ပေ။ လီကွမ်ရီရဲ့ အကြောင်းကို သိသွားပါက သူ့တပည့်အပေါ် လီကွမ်ရီ ဘယ်လိုလုပ်မလဲ သူလည်း မသိပေ။ သေချာတာတစ်ခုကတော့ စကားများများ မပြောခြင်းကသာ ပို၍ အန္တရာယ်ကင်းပေသည်။

     "လီကွမ်ရီရဲ့ နောက်ခံ ပိုပြီးအားကောင်းလေလေ သမီးက သူ့ကို ပိုပြီးတိုက်ခိုက်ချင်လာလေပဲ"မိန်းအောင်းနန်က နတ်သမီးတစ်ပါးလို လှပစွာ ပြုံးရင်း ဆက်ပြောသည်။
     "ဒဏ္ဍာရီထဲက အမှောင်လက်ကိုယ်တိုင် ကျောထောက်နောက်ခံ ပြုထားသူတစ်ယောက်က ဘယ်လောက်ထိ အားကောင်းလဲဆိုတာ သိချင်တယ်"

     "ကလေး ..."ဂိုလမ်မှာ စိတ်မသက်မသာနဲ့ အော်ဟစ်လိုက်မိသည်။ သူက လေပူတွေကို မှုတ်ထုတ်လိုက်ရင်း ဆက်ပြောသည်။
     "စိတ်ကို တည်ငြိမ်အောင် ထားပါ၊ တစ်ဦးနဲ့တစ်ဦး တိုက်ခိုက်တာတွေ၊ စစ်ပွဲတွေဆိုတာက ကျင့်ကြံခြင်းရဲ့ တစ်စိတ်တစ်ပိုင်းထက် မပိုပါဘူး၊ ကျွမ်းကျင်သူတစ်ယောက် ဖြစ်ချင်ရင် စိတ်ကို တည်ငြိမ်အောင် အရင်ဆုံး လုပ်ပါ"ဂိုလမ်က ပြောပြီးတာနဲ့ သက်ပြင်းတစ်ချက် ရှိုက်လိုက်မိသည်။

     မိန်အောင်းနန်မှာ ဂိုလမ်ရဲ့ အပြုအမူကြောင့် အံ့အားသင့်သွားရသည်။ စိတ်ထဲမှာလည်း လီကွမ်ရီအကြောင်းကို ပို၍ပင် သိချင်လာမိသည်။
     "ဆရာ၊ လီကွမ်ရီနဲ့ သမီးတိုက်ခိုက်ချင်တယ်"

     ဂိုလမ်မှာ ရယ်ရမလို၊ ငိုရမလို ဖြစ်သွားရတော့သည်။ သူ့တပည့်ရဲ့ စိတ်ကို သူအနားလည်ဆုံး ဖြစ်သည်။ သူ့တပည့်မသည် အမြဲတမ်း ထိပ်ဆုံးမှာသာ ရပ်တည်ချင်သည်။ ဒါကပင် ဒီကလေးမရဲ့ စိတ်ကို မတည်မငြိမ် ဖြစ်စေခဲ့သည်။
     "ကလေး၊ မင်းရဲ့ အားနည်းချက်က စိတ်မရှည်တတ်တာလေး တစ်ခုပဲ၊ ကောင်းပြီ၊ မင်းရဲ့ စိတ်ကို ငါသိတယ်၊ လီကွမ်ရီနဲ့ တိုက်ခိုက်ချင်ရင် နောက်ပိုင်းမှာ သူနဲ့ ညှိနှိုင်းပေးမယ်၊ ဒါပေမယ့် သူ့ကို မတိုက်ခိုက်ခင် ယဲ့ချင်းချန်ကို အရင်ဆုံး အနိုင်ယူနိုင်အောင် လုပ်ပါ၊ အဲ့ဒီအချိန်ကျရင် လီကွမ်ရီနဲ့ တိုက်ပွဲအတွက် ပြင်ဆင်ပေးမယ်၊ ဒါပေမယ့် သေခြင်းတိုက်ပွဲတော့ မဟုတ်ဘူးနော်"

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now