891 - 895

112 12 0
                                    


စစ်ဧကရာဇ်(Chapter:891)
(နတ်ဘုရားသခင်တွေကို ကွပ်မျက်ခြင်း)
............................................................
     အမှန်တကယ် သေရတော့မည်မှန်း သိလိုက်ချိန်မှာတော့ မဟာလုလင်မှာ တဖြည်းဖြည်း တုန်လှုပ်လာခဲ့ရသည်။ သူက လီကွမ်ရီကို ကြည့်ပြီး ဂိုလမ်နိုင်ငံရဲ့ နည်မည်ကို အသုံးပြုကာ ခြိမ်းခြောက်လိုက်သည်။
     "လီကွမ်ရီ၊ ငါ့ကိုသတ်ရင် ဂိုလမ်နိုင်ငံက မင်းကို ဘယ်တော့မှ ခွင့်လွတ်မှာ မဟုတ်ဘူး"

     ဧကရာဇ်တစ်ပါးရဲ့ မြေးတစ်ယောက် ဖြစ်ပေမယ့် မဟာလုလင်မှာ သေဆုံးရမှာကို ကြောက်ရွံ့နေမိသည်။ သူ့အနေနဲ့ ယခုအချိန်မှာ မသေချင်သေးပေ။ သူအသက်ရှင်နေသေးပါက ဒီထက်ပို၍ အားကောင်းလာနိုင်ရန် မျှော်လင့်ချက် အပြည့်ရှိနေပေသေးသည်။

     "အသုံးမကျတဲ့ ဂိုလမ်နိုင်ငံကို ပြောတာလား"လီကွမ်ရီက မဟာလုလင်ကို ပြုံး၍ ပြောသည်။
     "စိတ်မကောင်းပါဘူး၊ မကြာခင်မှာ ဂိုလမ်နိုင်ငံကို ငါဖျက်ဆီးတော့မယ်၊ မင်းရဲ့ ခြိမ်းခြောက်မှုက အဓိပ္ပာယ်မရှိတော့ဘူး"

     လီကွမ်ရီက ဆက်‌လက်ပြောဆိုရမှာ ပျင်းရိဟန်နဲ့ ပါစီလစ်ကို ကြည့်ပြီး ညွှန်ကြားသည်။
     "ကောင်းပြီ၊ အခုပဲ ကွပ်မျက်မှုကို စတင်လုပ်ဆောင်ပါ"

     ပါစီလစ်က လီဖန်းမင်တို့ သုံးယောက်ကို တစ်ချက် ကြည့်ရင်း ပြုံး၍ ပြောလိုက်သည်။
     "ဘိုးဘေးတို့၊ သွေးကြွေးအဟောင်းကို ဆပ်လိုက်ရင် နောက်ထပ် သွေးကြွေးအသစ်တစ်ခု ပေါ်လာစမြဲပဲ၊ ကျေးဇူးပြု၍ သေသွားပြီးရင် တစ္ဆေသရဲတွေ မဖြစ်ကြပါနဲ့၊ မဟုတ်ရင် ကျွန်တော့်ကို ပြန်ပြီး လက်စားချေနေမှာ စိုးလို့ပါ"

     ပါစီလစ်ရဲ့ စကားတွေက ဘိုးဘေးသုံးယောက်ကို ပို၍ အရှက်ရစေပေသည်။ သူတို့အနေနဲ့ အသက်သေသွားသည်ကပင် ယခုလို အရှက်ခွဲခံရမှုထက် များစွာ ကောင်းမွန်သည်ဟု ဆိုရပေမည်။

     ချက်ချင်းလိုလိုပင် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားရသည်။ နတ်ဘုရားသခင်တွေနဲ့ နှိုင်းယှဉ်ခြင်း ခံရတဲ့ ဘိုးဘေးသုံးယောက်က ခေါင်းဖြတ်သတ်ခံရတော့မည် ဖြစ်သည်။ မည်သူက မတုန်လှုပ်ဘဲ နေနိုင်ကြမည်နည်း။ ယနေ့မတိုင်မီအထိ နတ်ဘုရားစစ်သည်တော်နဲ့ နတ်ဘုရားသခင်အဆင့် ကျင့်ကြံသူတွေအား ခေါင်းဖြတ်သတ်သည့် မြင်ကွင်းကို မည်သူမှ မတွေ့ဖူးကြပေ။ သေချာတာတစ်ခုကတော့ အင်မော်တယ်ဧကရာဇ်တွေမှလွဲ၍ ယခုလုပ်ရပ်ကို မည်သူမှ ပြုလုပ်ရဲမည် မဟုတ်ပေ။ သို့သော် လီကွမ်ရီလို လူငယ်တစ်ယောက်က ဆေးကျောက်တုန်း ကမ္ဘာကြီးရဲ့ အင်အားအကောင်းဆုံးတွေထဲ ပါဝင်တဲ့ ဘိုးဘေးသုံးယောက်ကို ဖမ်းဆီးပြီး အားလုံးရဲ့ အရှေ့၌ ခေါင်းဖြတ် ကွပ်မျက်ဖို့ ပြင်ဆင်နေခဲ့သည်။ မည်သူက လီကွမ်ရီကို မကြောက်ရွံ့ဘဲ နေနိုင်ကြတော့မည်နည်း။ နတ်ဘုရားသခင်အဆင့် စွမ်းအားနဲ့ ညီမျှသူတွေကိုပင် သတ်ဖြတ်ရဲပါက လီကွမ်ရီ မလုပ်ရဲ့သည့်အရာ ရှိတော့မည် မဟုတ်ပေ။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now