731 - 735

132 15 0
                                    

စစ်ဧကရာဇ်(Chapter:731)
(လီကွမ်ရီရဲ့ ကြိုတင်ပြင်ဆင်မှု)
................................................
ဒုတိယနေ့မှာတော့ ကျစ်ယန်က မနက်စောစောထပြီး လီကွမ်ရီထံ သွားသည်။ သို့သော် သူမ တွေ့လိုက်ရတဲ့ မြင်ကွင်းကြောင့် တုန်လှုပ်သွားရတော့သည်။

သူမက လီကွမ်ရီရဲ့ မလှမ်းမကမ်း၌ အဆိပ်ပြင်းတဲ့ အင်းဆက်‌အမျိုးမျိုးကို တွေ့လိုက်ရသည်။ ဒါ့အပြင် လီကွမ်ရီက ရေကန်ငယ်လေးတစ်ခု ဖန်တီးထားပြီး ရေကန်ပတ်လည်၌ ထူးဆန်းတဲ့ အမုန့်လေးတွေ ဖြူးနေခဲ့သည်။ ရေကန်အတွင်းမှာတော့ လွန်စွာ အဆိပ်ပြင်းဟန်ရတဲ့ မြွေတစ်ကောင် ရှိနေခဲ့သည်။ ရေကန်ကို ကြီးမားတဲ့ ဒယ်အိုးကြီးတစ်ခုနဲ့ ဖန်တီးထားခြင်း ဖြစ်ပြီး ၎င်းရဲ့ ဘေးမှာတော့ အိုးငယ်လေးတစ်ခုကို အစီရင်တစ်ခု ခြံရံပြီး ကပ်ထားသည်။ အိုးငယ်လေးအတွင်းမှာတော့ အနက်ရောင်ကင်းမြီးကောက်ကြီးတစ်ကောင် ရှိနေသည်။ ယင်းက ကင်းမြီးကောက်ဘုရင်တစ်ပါး ဖြစ်ပြီး အဆိပ်တွေကို လေထုထဲ ထုတ်လွတ်နေခဲ့သည်။

ဒါ့အပြင် ရေကန်ပတ်လည်၌ အခြား အဆိပ်ပြင်းတဲ့ သတ္တဝါအမျိုးမျိုးကိုလည်း တွေ့ရသည်။ ၎င်းတို့ထဲမှ ပြင်းထန်တဲ့ အဆိပ်အငွေ့အသက်မျိုးစုံကို ထုတ်လွတ်နေကြပြီး တောင်ကုန်းတစ်ခုလုံးကို အဆိပ်နယ်မြေတစ်ခုအလား ဖော်ဆောင်နေကြတော့သည်။ ကျစ်ယန်မှာ အဆိပ်ကောင်တွေကို ကြည့်ရင်း ‌ကြက်သီးမွေးညှင်းတွေ ထွက်ပေါ်လာရသည်။ သူမရဲ့ ခြေလှမ်းတွေက ချက်ချင်းရပ်တန့်သွားရပြီး အရှေ့ကို ခြေတစ်လှမ်းဆက်လှမ်းဖို့ပင် မဝံ့မရဲ ဖြစ်နေရတော့သည်။ ကံကောင်းသည်မှာ အဆိပ်ကောင်တွေက သူမကို ရန်ပြုဖို့ မကြိုးစားဘဲ ငြိမ်သက်စွာသာ ရှိနေကြပေသည်။

ကျစ်ယန်က လီကွမ်ရီကို စူးစမ်းသည့်သဘောနဲ့ လှမ်းကြည့်သည်။ လီကွမ်ရီမှာ တင်ပလ္လင်ခွေထိုင်ပြီး မျက်လုံးအစုံကို မှိတ်ထားသည်။ ထူးဆန်းသည်မှာ သူ့ထံမှ ကြောက်မက်ဖွယ်ကောင်းတဲ့ သေဆုံးခြင်းစွမ်းအင်တွေ ဖြာထွက်နေကြခြင်း ဖြစ်သည်။ ကျစ်ယန်မှာ အံ့အားသင့်သွားပြီး စိတ်ထဲမှာလည်း ရှုတ်ထွေးသွားရသည်။ လီကွမ်ရီ ဘာလုပ်နေသည်ဆိုတာကို သူမက နားမလည်နိုင်တော့ပေ။ သို့သော် ဘာမှ မေးမြန်းမနေတော့ဘဲ တိတ်တဆိတ်သာ ရပ်စောင့်နေလိုက်သည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now