၃၆ - ၄၀

415 35 0
                                    


စစ်​ဧကရာဇ်​ (Chapter:36)
.................................
( အင်မော်တယ်ခန္ဓာကိုယ်နှင့် ငရဲထိန်းချုပ်ခြင်း ၂)
............................................................
နေလဗဟိုပြုကျင့်စဉ်ကို လေ့ကျင့်တဲ့ အဖြစ်အပျက်တွေက ရှေ့ဟောင်းသန့်ရှင်းနယ်မြေဂိုဏ်းထဲမှာ တော်တော်များများဖြစ်ဖူးသည်။ ဂိုဏ်းထဲမှ ပါရမီရှင်တပည့်တွေက ကိုယ့်ကိုယ်ကို ယုံကြည့်မှုအပြည့်နဲ့ ထို့ကျင့်စဉ်ကို လေ့ကျင့်ခဲ့ကြသည်။ သို့သော် သူတို့အားလုံးက နောက်ဆုံးမှာ ဘာမှမရဘဲ အခြားကျင့်စဉ်တွေကို ပြောင်းလဲလေ့ကျင့်ခဲ့ရသည်။

ထိုအကြောင်းအရာတွေကြောင့် နောက်ပိုင်းမှာ နေလဗဟိုပြု ကျင့်စဉ်ကို မည်သူမှ မကျင့်ရဲတော့ချေ ။  ပင်ကိုယ်စွမ်းရည် မြင့်မားသည့် တပည့်များပင် ဒီကျင့်စဉ်ကို လက်ရှောင်ကြသည်။

" ငါ့မှာ ကိုယ်ပိုင် အစီအစဉ်ရှိပါတယ် "
လီကွမ်ရီက နန်ဟွာရန်ကို ပြုံးပြပြီး ပြောလိုက်သည်။ နေလဗဟိုပြုကျင့်စဉ်ရဲ့ လျို့ဝှက်ချက်ကို နန်ဟွာရန်အပါအဝင် မည့်သူ့ကိုမှ ပြောပြမည် မဟုတ်ပေ။ ဒီကျင့်စဉ်ရဲ့ လျို့ဝှက်ချက်တွေကို သူသိထားကြောင်း အခြားသူတွေသိသွားပါကလျှင် အကျိုးဆက်က လှ ပမည်မဟုတ်ပေ။

လီကွမ်ရီက ပညာဗဟုသုတနဲ့ ပြည့်စုံပြီး သူ့ကိုယ်သူယုံကြည်မှုရှိကြောင်းကို နန်ဟွာရန်က သိထားသည်။ ဒါပေမယ့် ထိုယုံကြည့်မှုက ဘယ်ကလာသလဲဆိုတာကို သူမသိပေ။

" ဒုတိယအကိုလေးက သိပ်မကြာခင်မှာ ရောက်လာမယ်လို့ ကျွန်တော်ကြားထားတယ် စီနီယာ "
နန်ဟွာရန်က သူဒီနေ့လာရခြင်းရဲ့ အဓိက အကြောင်းအရာကို ပြောပြလိုက်သည်။

လီကွမ်ရီက ခေါင်းကို ပေါ့ပေါ့ပါးပါး ငြိမ့်ပြလိုက်ပြီး ဒုတိယအကိုလေးဆိုသူရဲ့ အကြောင်းကို ဘာမှတ်ချက်မှ မပေးချေ ။
..............................................................
နန်ဟွာရန် ပြန်သွားပြီးနောက်မှာ လီကွမ်ရီက ကျင့့်စဉ်ကို ဂရုတစိုက် ပြန်လေ့ကျင့်လိုက်သည်။ နေလဗဟိုပြုကျင့်စဉ်နဲ့ ခွန်ပန်၆ဖော်ပြောင်းလဲခြင်း ကျင့်စဉ်တို့ကို ပြိုင်ဘက်ကင်းအဆင့်ထိရောက်ရန် ရည်ရွယ်ပြီး မပျင်းမရိ ကြိုးစားလေ့ကျင့်လိုက်သည်။ ပျင်းရိငြီးငွေ့သူက ဘယ်တော့မှ အောင်မြင်မည်မဟုတ်မှန်း သူက နားလည်ထားသည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now