536 - 540

139 12 0
                                    


စစ်ဧကရာဇ်(Chapter:536)
(ကျောက်စိမ်း ရေဘုရင်မ)

     "ဟမ်၊ ငါးကြင်းအသိုက်ထဲမှာ ရတနာမဟုတ်ဘဲ အခြားထူးဆန်းတဲ့အရာတွေ တွေ့ခဲ့သေးလား"
လီကွမ်ရီက ကာကွယ်စောင့်ရှောက်သူရဲ့စကား ကြားကြားချင်းမှာ အလျင်စလို မေးလိုက်သည်။

     "ဟုတ်တယ်၊ သခင်လေးလီ၊ ငါတို့တွေ ထူးခြားတဲ့အရာတချို့ တွေ့ခဲ့သေးတယ်၊ ဒါပေမယ့် ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေက မယူနိုင်ခဲ့ကြဘူး"
ကာကွယ်စောင့်ရှောက်သူက စိတ်လှုပ်ရှားစွာ ဆက်ပြောသည်။
"ငါတို့တွေ ငါးကြင်းအသိုက်ကို တွေ့တဲ့သတင်းက သင်္ချိုင်းဘုံ ၅ခုလုံးသိသွားတယ်လေ၊ အင်အားကြီးဂိုဏ်းတွေ အကုန်ရောက်လာပြီး ရတနာတွေ လုယက်ဖို့ ကြိုးစားခဲ့ကြတယ်၊ ဒါကြောင့် ဂိုဏ်းချုပ်နဲ့အကြီးအကဲတွေက ပြဿနာမဖြစ်ချင်လို့ ရှောင်ပေးခဲ့ကြတယ်၊ ပြီးတော့ မင်းတို့နှစ်ယောက် ရောက်လာရင် မီးဘုံကို လာခဲ့ဖို့ ဂိုဏ်းချုပ်က မှာသွားတယ်"

     ငါးကြင်းမြစ်ဂိုဏ်းက အင်အားကြီးဂိုဏ်းတစ်ခု ဖြစ်ပေမယ့် မလိုအပ်ဘဲ ပြဿနာတွေ မဖြစ်ချင်ပေ။ သူတို့သာ ကြီးမားတဲ့ ရတနာတွေ ရဖို့အရေး ဆက်လက်ရှာဖွေနေပါက အခြားဧကရာဇ်အဆင့် ဂိုဏ်းတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရမည် ဖြစ်သည်။ ဒါကြောင့်လည်း ဂိုဏ်းချုပ်ပေါင်ကွေ့က ပညာသားပါပါ ရှောင်ထွက်သွားခဲ့ခြင်း ဖြစ်သည်။ သူတို့က မီးဘုံအတွင်း ဝင်ရောက်သွားကြပြီး ရတနာတွေကို ဆက်လက်ရှာဖွေကြမည် ဖြစ်သည်။ အကယ်၍ မီးဘုံထဲမှာ ရတနာတွေ မတွေ့ဘူးဆိုရင် သင်္ချိုင်းဂူအတွင်းမှ ပြန်လည်ထွက်ခွာသွားဖို့ တွေးတောထားကြသည်။ မည်သို့ပင်ဆိုစေ ငါးကြင်းအသိုက်ထဲမှ ရခဲ့တဲ့ ရတနာတွေကပင် သင်္ချိုင်းဂူသို့ လာရောက်ရကျိုး နပ်ပြီဟု ဆိုရပေမည်။

     "ငါးကြင်းအသိုက် ရှိတဲ့နေရာက ဘယ်လိုနေရာမျိုးလဲ"
လီကွမ်ရီက ကာကွယ်စောင့်ရှောက်သူကို ပြန်မေးသည်။

     ကာကွယ်စောင့်ရှောက်သူကလည်း စိတ်ရှည်လက်ရှည်ပင် ပြန်ဖြေသည်။
"အဲ့ဒါက သီးသန့်ရေကန်ကြီးပုံစံ ဖြစ်ပြီး အရမ်းထူးခြားတယ်၊ ရေကန်ထဲ ဝင်တဲ့သူတွေကို ထင်ယောင်ထင်မှား ပုံရိပ်ယောင်တွေ မြင်တွေ့စေနိုင်တယ်လေ၊ အထဲဝင်ရောက်သွားပြီးရင် ပြန်ထွက်လာဖို့တောင် ခက်ခဲတယ်၊ ဒါကြောင့် ဂိုဏ်းချုပ်တို့အဖွဲ့က မစွန့်စားတော့ဘဲ ရတနာအချို့ယူပြီး မီးဘုံကို သွားလိုက်ကြတာ"

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now