936 - 940

126 11 0
                                    

စစ်ဧကရာဇ်(Chapter:936)
(ယဲ့ချူးယွင်)
....................
     နောက်ဆုံးတွင် ယဲ့ချူးယွင်က ဧည့်ခံပွဲကို လစ်လျူရှုပြီး လီကွမ်ရီနှင့်အတူ ထွက်သွားခဲ့သည်။ စက္ကန့်ပိုင်းအတွင်းမှာပင် ရေပန်းဥယျာဉ်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့ရ၏။ အားလုံး၏ အကြည့်တွေကလည်း လီကွမ်ရီနှင့် ယဲ့ချူးယွင်တို့ကို ဝေခွဲမရစွာဖြင့် ကြည့်နေမိကြသည်။

     ထိုမြင်ကွင်းက သူတို့အားလုံးကို တုန်လှုပ်သွားစေခဲ့သည်။ ဤညစ်ပတ်ပေရေနေသည့် လူငယ်လေး၏ ဇာစ်မြစ်နှင့် သိသူမရှိပေ။ သူတို့၏ မြင့်မြတ်သော တော်ဝင်သခင်မကပင် ယဉ်ကျေးစွာ ဆက်ဆံနေရ၍ ထိုကောင်လေး၏ အဆင့်အတန်း မနိမ့်ကျကြောင်းကိုတော့ ရိပ်မိကြသည်။

     အားလုံးမှာ ခေါင်းထဲ ဗလာကျင်းနေသလို ခံစားနေကြရသည်။ ယဲ့ချူးယွင်ဆိုသည်မှာ တောင်ပိုင်းတန်၏ သခင်မတစ်ဦးဖြစ်ရုံမက ဖုန်းဆိုးနယ်မြေအတွင်းမှာလည်း ထိပ်တန်းအဆင့် အရည်အချင်းရှိသူတွေထဲမှ တစ်ယောက် ဖြစ်သည်။

     ယခုမူကား အားလုံးက သူဖုန်းစားတစ်ယောက်ဟု ထင်ထားသူကို သူမက လေးစားမှုအပြည့်ဖြင့် ဆက်ဆံနေခဲ့သည်။ ပြုမူပြော‌ဆိုပုံ၊ ပြာယာခတ်သွားပုံတွေက ထိုကောင်လေးအပေါ် မည်မျှ အလေးထားမှန်း သိသာလွန်းလှသည်။

     ရီချွမ်ကိုယ်တိုင်လည်း အဖြစ်အပျက်တွေကို မယုံနိုင်ဘဲ ဖြစ်နေခဲ့ရ၏။ လီကွမ်ရီကို တက်လမ်းရှိသည့် သာမန်ကျင့်ကြံသူတစ်ယောက်ဟုသာ သူထင်မြင်မိခဲ့သည်။

     အခြားတစ်ဖက်တွင် အားပေါင်းတို့အဖွဲ့မှာ ပါးစပ်အဟောင်းသား ဖြစ်နေကြရ၏။ ယခုအချိန် သူတို့၏ ပါးစပ်ထဲ ယင်ကောင်ဝင်သွားလျှင်ပင် သတိပြုမိမည် မဟုတ်ပေ။ သူတို့၏ ကြီးမြတ်သော သခင်မက တော်ရုံလူ လက်လှမ်းမမှီနိုင်သည့် နတ်ဘုရားမတစ်ပါး ဖြစ်သည်။ သို့သော် ယခုတော့ သူတို့၏ သခင်မကိုယ်တိုင်က လီကွမ်ရီကို လေးလေးစားစား ဆက်ဆံနေခဲ့သည်။ ယင်းမှာ မယုံနိုင်စရာ ကောင်းလွန်းလှသည်။

     ပမာဏနိုင်ငံ၏ မင်းသားမှာလည်း ဖြစ်ပျက်သွားသည့် အခြေအနေကြောင့် ဆွံ့အတုန်လှုပ်နေမိတော့သည်။ တော်ဝင်သခင်မ၏ မျက်နှာသာပေးမှုကို ရချင်၍ လီကွမ်ရီကို မောင်းထုတ်ခဲ့သည်။ သို့သော် ထိုလုပ်ရပ်က တော်ဝင်သခင်မကို ပို၍ပင် စိတ်ဆိုးသွားစေခဲ့၏။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now