771 - 775

139 14 0
                                    


စစ်ဧကရာဇ်(Chapter:771)
(ဖီးနစ်)
...........
     နတ်ဘုရားစစ်သည်တော်အဆင့်နှစ်ယောက်မှာ အနက်ရောင် မီးတောက်တွေကို ကြည့်ပြီး အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်မိသည်။ သူတို့အနေနဲ့ ယခုလိုမီးတောက်မျိုးကို မတွေ့ဖူးကြပေမယ့် မည်သည့်အမျိုးအစား မီးတောက်ဆိုတာကိုတော့ ရိပ်စားမိကြသည်။ သေချာတာတစ်ခုကတော့ ယခုမီးတောက်တွေကို သူတို့နှစ်ယောက်လုံး နားလည်သဘောပေါက်ဖို့ အဆင့်မမီသေးပေ။

     ရှေးခေတ် ဒဏ္ဍာရီမှတ်တမ်းတွေအရ ယခုလိုမီးတောက်အမျိုးအစားက အယ်လ်ခမီမြို့တော်ကို လောင်ကျွမ်းခဲ့ဖူးသည်ဟု ရေးမှတ်ထားကြသည်။ သို့သော် ဒီမီးတောက်တွေကို ထိန်းချုပ်အသုံးပြုဖို့ဆိုတာက မလွယ်ကူလှပေ။ ယုတ်စွအဆုံး အင်မော်တယ်ဧကရာဇ်တွေပင် ယခုလို မရဏမီးလျှံအမျိုးအစားကို ထုတ်ဖော်အသုံးပြုနိုင်ခြင်း အရှိပေ။ ဒီမီးတောက်တွေကို အသုံးပြုနိုင်ဖို့အတွက် နည်းလမ်းမှာ တစ်ခုထဲသာ ရှိသည်။ ယင်းမှာ မိစ္ဆာလောကနဲ့ ဆက်သွယ်နိုင်ဖို့ ဖြစ်သည်။ တစ်စုံတစ်ယောက်က မိစ္ဆာလောကနဲ့ ဆက်သွယ်နိုင်သည်ဆိုပါက မရဏမီးလျှံတွေကို ထုတ်ဖော်အသုံးပြုနိုင်သည်ဟု ရှေးခေတ်မှတ်တမ်းတွေ၌ ဖော်ပြထားကြသည်။

     ယခုမူ လီကွမ်ရီက မရဏမီးလျှံကို ထုတ်ဖော်အသုံးပြုလာခဲ့သည်။ မည်သူက မတုန်လှုပ်ဘဲ နေနိုင်မည်နည်း။ နတ်ဘုရားစစ်သည်တော်အဆင့် နှစ်ယောက်မှာလည်း ခြွင်းချက်မဟုတ်ပေ။ နှစ်ယောက်လုံးက လီကွမ်ရီကို တုန်လှုပ်စွာနဲ့ ကြည့်နေမိကြတော့သည်။

     "အခုလာကြစမ်း၊ အရာအားလုံး အဆုံးသတ်ဖို့ အချိန်ကျပြီ"
ထိုစဉ် လီကွမ်ရီက ခံစားချက်ကင်းမဲ့စွာ ပြောသည်။ သူ့ရဲ့စကားဆုံးသည်နှင့် သေဆုံးခြင်းစွမ်းအင်တွေက မုန်တိုင်းတစ်ခုအလား ထွက်ပေါ်လာခဲ့ပြီး တစ်ဆက်ထဲမှာ ကမ္ဘာ့နိယာမတွေအဖြစ် ပြောင်းလဲသွားခဲ့ကြသည်။

     "ထန် ... ထန် ... ထန်"
ကြောက်မက်ဖွယ် မုန်တိုင်းတစ်ခုက တဒင်္ဂအတွင်းမှာ ဘိုးဘေးမြေပြင်ရှိ အရာအားလုံးကို ဖုံးလွှမ်းသွားခဲ့သည်။ အားလုံးမှာ သူတို့အရှေ့မှ မြင်ကွင်းကြောင့် နှလုံးခုန်သံတွေ တဖြည်းဖြည်း မြန်ဆန်လာခဲ့ကြတော့သည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now