၆၁ - ၆၅

329 26 0
                                    


စစ်​ဧကရာဇ်​ (Chapter:61)
..................................
( ရိုသေလေးစားခြင်း ၁)
..............................
လန်ရှီဇီကို ပညာပေးပြီးနောက်မှာ လီကွမ်ရီက အရာအားလုံးကို အေးဆေးသက်သာစွာ သဘောထားပြီး သက်တောင့်သက်သာ နေနေခဲ့သည်။ သို့သော် ရက်အနည်းငယ်အကြာမှာတော့ လူတစ်ယောက်က အပြေးအလွားရောက်လာခဲ့ ပြီး သူ့ရဲ့ တံခါးကို လာခေါက်နေသည်။

" စီနီယာ....စီနီယာ....မကောင်းတော့ဘူး...လုံးဝမကောင်းတော့ဘူး "
လီကွမ်ရီ ကျင့်စဉ်လေ့ကျင့်နေစဉ်မှာ လူအိုဖန်းဟွာက အပြေးအလွားရောက်လာပြီး အော်ပြောနေသည်။

လူအိုဖန်းဟွာရဲ့ ပုံပန်းသွင်ပြင်က မောပန်းနေဟန်ရပြီး သူ့ရဲ့ အပေါင်းအဖော် တပည့်အချို့နဲ့ အပြေးအလွား လာခဲ့ရဟန် တူသည်။ သူ့တို့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံး ခြွေးများနဲ့ စိုရွှဲနေပြီး မောဟိုက်နေကြသည်။

တုန်ခါနေတဲ့ သူတို့ရဲ့ ပုံစံတွေကို ကြည့်ပြီး လီကွမ်ရီက မျက်မှောင်ကြုံ့ကာ မေးလိုက်သည်။
" ဟမ်...ဘာတွေဖြစ်လာကြတာလဲ "

" လုံခြုံရေး ခေါင်းဆောင်ဇူ ရောက်လာပြီး ကျွန်တော်တို့အားလုံးကို ပြန်ပြီး သင်ပေးနေပါတယ် "
တပည့်တစ်ယောက်က လီကွမ်ရီကို လျင်လျင်မြန်မြန်ပင် ပြောလိုက်သည်။

လုံခြုံရေးခေါင်းဆောင်ဇူက ကျောင်စိမ်းတောင်ထိပ်မှာ တပည့်သုံးရာကို မသင်ကြားပေးတော့သည်မှာ ကြာပြီဖြစ်သည်။ အခုမှ မနက်စောစော ရုတ်တရက်လာပြီး ဘာကိစ္စလာသင်ပေးနေရတာလဲ။ လီကွမ်ရီမှာ အနည်းငယ်တွေးရ ကြပ်သွားသည်။

ကျောက်စိမ်းတောင်ထိပ်က တပည့်တွေကို လီကွမ်ရီ မတိုင်ခင်က လုံခြုံရေးခေါင်းဆောင်ဇူက လေ့ကျင့်ပေးခဲ့သည်မှာ မှန်ပေသည်။ သူ့ရဲ့ သင်ကြားနည်းစနစ်တွေက လွန်စွာ ရိုးရှင်းလှပြီး တပည့်တွေအတွက် သိပ်ပြီး အကျိုးမရှိဘူးဟု ပြော၍ရသည်။ သူက တပည့်တွေရဲ့ အားသာချက်၊ အားနည်းချက်တွေကို မကြည့်ဘဲ အားလုံးကို ကြက်တူရွေးနှုတ်တိုက် သင်ကြားပေးသလိုသာ သင်ပေးခဲ့သည်။ ဒါကြောင့်လည်း ကျောက်စိမ်းတောင်ထိပ်မှ တပည့်အားလုံးမှာ တိုးတက်သင့်သလောက်မတိုးတက်ဘဲ လွန်စွာအားနည်းတဲ့ တာအိုအသိကိုသာ ပိုင်ဆိုင်ထားခဲ့ကြသည်။ ဇန်ယုလို ပါရမီကောင်းတဲ့ တပည့်တစ်ယောက်တောင် သူ့ရဲ့မှားယွင်းစွာ ညွှန်ပြမှုကြောင့် အချိန်၅နှစ်ကို အလဟတ်သ ဆုံးရှုံးရဖို့ များသွားခဲ့ရသည်။ 

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now