701 - 705

153 11 0
                                    

စစ်ဧကရာဇ်(Chapter:701)
(အဝါရောင်ခြုံထည်)
................................
ကျစ်ယန်ကိုယ်တိုင်ပင် ဒီတစ်ကြိမ် လီကွမ်ရီလုပ်လိုက်တဲ့ လုပ်ရပ်ကြောင့် အလွန်အမင်း တုန်လှုပ်သွားရတော့သည်။ လီကွမ်ရီအနေနဲ့ ရှင်ဘုရင်အဆင့် ဆေးဝါးတွေအား အလေးမထားသည်ကို သူမက နားလည်နိုင်ပေသေးသည်။ ယခုမူကား တစ်သက်မှာ တစ်ခါ တွေ့ရဖို့ပင် မသေချာတဲ့ ဧကရာဇ်အဆင့် ဆေးဝါးဖြစ်သည်။ ဒီလိုဆေးဝါးမျိုးကိုတောင် နွားရိုင်းတစ်ကောင်ကို ကျွေးပစ်ခဲ့တဲ့ လုပ်ရပ်က တကယ့်ကို တုန်လှုပ်ဖွယ် ကောင်းလွန်းလှပေသည်။ သေချာသည်ကတော့ ဒီကမ္ဘာပေါ်မှာ လီကွမ်ရီလောက် ဖြုန်းတီးသူဆို၍ နောက်ထပ် မည်သူတစ်ဦးတစ်ယောက်မှ ရှိတော့မည်မဟုတ်ပေ။

" မင်း...မင်း...ဒါက ဧကရာဇ်အဆင့် ဆေးဝါးဆိုတာကိုရော သတိပြုမိရဲ့လား....."
အယ်လ်ခမီပညာရှင်တစ်ယောက်ဆိုရင် တစ်ကိုယ်လုံး တုန်ရင်နေသည်အထိ ယူကြုံးမရ ဖြစ်နေပြီး လီကွမ်ရီကို ပြောလိုက်မိသည်။ ဧကရာဇ်အဆင့် ဆေးဝါးတစ်ခုကို နွားရိုင်းတစ်ကောင်အား အစာအဖြစ် ကျွေးခဲ့တဲ့ လုပ်ရပ်မှာ တကယ့်ကို ရူးသွပ်ဖွယ် ကောင်းလွန်းလှပေသည်။

" ငါသိတာပေါ့....."
လီကွမ်ရီက သူ့ကို ပြောလိုက်တဲ့ အယ်လ်ခမီပညာရှင်အား ပြုံး၍ ပြန်ပြောသည်။ သူ့ရဲ့ ပုံစံက ဧကရာဇ်အဆင့် ဆေးဝါးတစ်ခု ဆုံးရှုံးခဲ့မှုအတွက် အနည်းငယ်မှ ခံစားနေရဟန် မရှိပေ။

အားလုံးမှာ လီကွမ်ရီရဲ့ တုန့်ပြန်စကားကို ကြားပြီးနောက်မှာတော့ စကားတစ်ခွန်းမှ ပြန်မပြောနိုင်တော့ပဲ ဆွံ့အကုန်ကြတော့သည်။ အတော်များများမှာ ခြေတွေလက်တွေ တုန်ရင်နေသည်အထိ ခြောက်ခြားနေကြပြီး သူတို့ရဲ့ ရင်ဘတ်ထဲ၌ တစ်ခုခုကို ဆုံးရှုံးသွား၍ ဟာလာဟင်းလင်း ဖြစ်သွားသလို ခံစားနေမိကြတော့သည်။

" မိုးကောင်းကင်က လုံးဝ မတရားဘူး၊ ငါတို့ကျ ဧကရာဇ်အဆင့် ဆေးဝါးကို မြင်ရဖို့တောင် မလွယ်ပေမယ့် နွားတစ်ကောင်ကတော့ ဆေးဝါးကို အလွယ်တကူ စားလိုက်ရတယ်....."
ကျင့်ကြံသူတစ်ယောက်မှာ သူ့အဖြစ်သူ ယူကြုံးမရစွာနဲ့ ငြီးတွားလိုက်မိသည်။

အခြားကျင့်ကြံသူအများအပြားမှာလည်း ဝမ်းနည်းမှုကိုယ်စီနဲ့ နှုတ်ဆိတ်နေမိကြသည်။သူတို့ရဲ့ အတွေးထဲမှာတော့  ကြီးကျယ်ခမ်းနားပြီး အလွန်အမင်း ကြွယ်ဝပါသည်ဆိုတဲ့ ဟွမ်ဖုဟောင်ကား ဧကရာဇ်အဆင့်ဆေးဝါးကိုတောင် နွားရိုင်းတစ်ကောင်အား ကျွေးခဲ့တဲ့ လီကွမ်ရီနဲ့ ယှဉ်ပါက အသေးအဖွဲ့သာ ဖြစ်သွားပေတော့သည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now