251 - 255

245 16 0
                                    


စစ်ဧကရာဇ်(Chapter:251)
....................................
(ချီရှောင်းတာအို)
......................
အရှေ့ပိုင်းမြစ်ဝှမ်းတစ်ရာနိုင်ငံရဲ့ မြို့တွေအတော်များများကို လည့်လည်သွားလာနေရင်းကပင် လီကွမ်ရီက ကျင့်ကြံခြင်းကို မပြတ်လုပ်ဆောင်နေသည်။ ယခုအချိန်တွင် သူ့ရဲ့နဘေး၌ ကြေးနီရောင်စစ်ရထားရှိနေပြီဖြစ်၍ ခရီးသွားတာက ထင်သလောက်မပင်ပန်းတော့ပေ။

လီကွမ်ရီရဲ့ ဒုတိယ‌မြောက် ကံစွမ်းအားနန်းတော်အတွင်း၌ မြေကမ္ဘာသန့်စင်သတ္ထုက ကိုယ်တိုင်သန့်စင်နေပြီး လေးကိုင်းပုံစံအဖြစ် တဖြည်းဖြည်းပြောင်းလဲနေသည်။ မြေကမ္ဘာသန့်စင်သတ္ထုက ကံစွမ်းအားနန်းတော်ထဲမှာ အပြည့်နေရာယူထားပြီး သန့်စင်ခြင်းကို မရပ်မနားလုပ်ဆောင်နေသည်။ နောက်ဆုံးတွင် သတ္ထုက သန့်စင်ခြင်းပြီးသွားပြီး ပီပြင်တဲ့ လေးတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။

လီကွမ်ရီမှာ သန့်စင်ပြီးသားလေးကို ကြည့်လိုက်ပြီး သူ့တစ်ကိုယ်လုံး တုန်ခါသွားသည်အထိ ဖြစ်သွားရတော့သည်။ ထိုသို့သော အရည်အသွေးကောင်းမွန်သည့်လေးကို သူ့အနေနဲ့ တစ်ကြိမ်တစ်ခါမှ တွေ့ဖူးခြင်းမရှိခဲ့ပေ။ သူက အလွန်အမင်း စိတ်လှုပ်ရှားနေမိပြီး ထိုလေးကို လောကကိုးပါလေးဟု အမည်ပေးလိုက်သည်။

လီကွမ်ရီက လေးကိုစမ်းသပ်ရန် ကံစွမ်းအားနန်းတော်ထဲမှ ထုတ်ပြီး ကိုင်တွယ်ကြည့်လိုက်သည်။ သို့ရာတွင် လောကကိုးပါးလေးက သူ့ကိုယ်ပိုင် အသိစိတ်ရှိနေဟန်ရပြီး လီကွမ်ရီကို သခင်အဖြစ်လက်ခံရန် ငြင်းဆန်နေသည်။ လီကွမ်ရီက ထိုအချင်းအရာကို ကြည့်ပြီး မျက်မှောင်ကြုံ့လိုက်သည်။ နောက်ဆုံးတွင် သူက ကြံရာမရတော့ဘဲ ကျောက်ကြက်ဥကိုထုတ်ကာ လောကကိုးပါးလေးကို မကျေမနပ်နဲ့ အဆက်မပြတ်ထုပစ်လိုက်တော့သည်။

လောကကိုးပါးလေးက ကျောက်ကြက်ဥနဲ့ အထုခံရပြီးနောက်မှာ မာနတွေ ကျိုးပျက်သွားဟန်ရသည်။ သူက ရုန်းကန်နေသည်ကို ရပ်တန့်လိုက်ပြီး လီကွမ်ရီရဲ့ လက်ထဲမှာ ငြိမ်သက်သွားသည်။ ကြည့်ရသည်မှာ ကျောက်ကြက်ဥက လောကကိုးပါးလေးကို အလုံးစုံ ဖိနှိပ်လိုက်ဟန်ရပြီး လီကွမ်ရီမှာ ထိုအချင်းအရာကိုကြည့်၍ အလွန်အမင်း ကျေနပ်သွားတော့သည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now