921 - 925

128 10 0
                                    

စစ်ဧကရာဇ်(Chapter:921)
(ရေကန်အတွင်းမှ လျှို့ဝှက်ချက်)
..................................................
     လီကွမ်ရီက ဒေါသထွက်နေသည့် မှုန်ဝါးဝါးအရိပ်ကို ပြုံး၍ ကြည့်သည်။
     "ငါ့ကို အပြစ်နေပေမယ့် စိတ်မဆိုးပါဘူး၊ မင်းကို မခံချင်အောင် ပြောပြီး လှည့်စားခဲ့တယ်ဆိုတာ ဝန်ခံပါတယ်၊ ငါအပြစ်ရှိတယ် ... ဒါပေမယ့် အခုလောလောဆယ်တော့ ရေကန်ထဲက ပစ္စည်းကို လိုချင်တယ်၊ တကယ်လို့ ငါ့ကို အပြစ်တင်ချင်တယ်ဆိုရင်တောင် ဒီနေရာကနေ လွတ်မြောက်တဲ့အထိ စောင့်ပါ၊ ပြီးမှ ငါ့ကို ကြိုက်သလို အပြစ်တင်နိုင်ပါတယ်"လီကွမ်ရီက အလေးအနက် ပြောလိုက်၏။ ပြီးနောက် သက်ပြင်းရှည်ကြီး ချလိုက်သည်။

     မှုန်ဝါးဝါးအရိပ်မှာ အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်သွားခဲ့၏။ သူက လီကွမ်ရီ၏စကားကို လက်ခံလိုက်ပုံရသည်။

     လီကွမ်ရီက သက်ပြင်းတစ်ချက်ချလိုက်သည်။ ပြီးနောက် ရေကန်ရှိရာသို့ သွားလိုက်၏။ မှုန်ဝါးဝါးအရိပ်ကလည်း ဟန့်တားခြင်း မရှိပေ။ ရေကန်ပတ်လည်ရှိ မှော်သင်္ကေတတွေကလည်း ငြိမ်သက်နေခဲ့ကြ၏။ ဒါက လီကွမ်ရီကို ရေကန်အတွင်း ဆင်းခွင့်ပြုလိုက်သည်ဟု ယူဆ၍ ရပေသည်။

     အကယ်၍ ခွင့်ပြုချက်သာ မရပါက အင်မော်တယ်ဧကရာဇ်တွေပင် ရေကန်အနီး ချဉ်းကပ်လို့ ရမည် မဟုတ်ပေ။ ရေကန်ဧရိယာကို ခြေချလိုက်တာနှင့် တာအိုဂိတ်တံခါးတစ်ခု ဖြစ်ပေါ်လာလိမ့်မည်။ တစ်ဆက်ထဲမှာ လွန်စွာ ဝေးကွာသည့် နေရာတစ်ခုသို့ ပို့ဆောင်ခံလိုက်ရမည် ဖြစ်သည်။

     လီကွမ်ရီက ရေကန်ဘေး ခေတ္တရပ်နားလိုက်သည်။ သူ့အရှေ့ရှိ လှပသည့် မြင်ကွင်းကို တစ်ဝကြီး ကြည့်နေလိုက်၏။ ပြီးမှ ရေကန်အတွင်း ခုန်ချလိုက်သည်။ အချိန်အတော်ကြာသည်အထိ ကူးခတ်ငုတ်လျှိုးပြီးနောက်မှာတော့ ရေကန်၏ အောက်ခြေကို ဝိုးတဝါး လှမ်းမြင်လိုက်ရ၏။

     ရေကန်အောက်ခြေ၌ ရွှေရောင်ဝဲဂရက်များစွာ ရှိသည်။ ၎င်းတို့က လောကနိယာမတွေ ချမှတ်ထားသည့် စည်းချက်အတိုင်း ဖြည်းဖြည်းမှန်မှန်ဖြင့် လှည့်လည်စီးမျှောနေကြ၏။ ထိုအရာတွေအားလုံးက လျှို့ဝှက်ဆန်းကြယ်လွန်းလှသည်။ ထို့ပြင် သူတို့၏ လားရာကို မည်သူမှ ခန့်မှန်းနိုင်မည် မဟုတ်ပေ။ သူတို့ဘယ်ကိုသွားပြီး၊ ဘာတွေလုပ်နေသည်ဆိုတာကို မည်သူမှ သိကြမည် မဟုတ်ပေ။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now