271 - 275

232 14 0
                                    


စစ်ဧကရာဇ်(Chapter:271)
....................................
(ချီရှောင်းတာအိုရဲ့ တစ်ဖက်သတ်ချစ်သူ)
.....................................................
လီကွမ်ရီရဲ့ သဘောတူညီချက် ရပြီးနောက်မှာ အကြီးအကဲက ထခုန်မိမတတ် ဝမ်းသာသွားသည်။ သူက စိတ်လှုပ်ရှားစွာနဲ့ ပင် လီကွမ်ရီကို အကြိမ်ကြိမ် ဦးညွှတ်နေမိသည်။ ထိုအတွက် ရှက်စရာဟုလည်း သူ့စိတ်ထဲတွင် မမြင်တော့ပေ။

နောက်ဆုံးတွင် လီကွမ်ရီက အကြီးအကဲကို အယ်လ်ခမီနဲ့ ပတ်သက်တဲ့ အရာတချို့ကို ပြောပြသည်။ အကြီးအကဲမှာ လီကွမ်ရီ ရှင်းပြတဲ့ အကြောင်းအရာတွေကို နားထောင်ရင်း ညဏ်အလင်းပွင့်သွားရသည်။ သူအံ့အားသင့်မိသည်မှာ လီကွမ်ရီရဲ့ နည်းစနစ်တွေက ရှေ့ရိုးဆန်ပေမယ့် လွန်စွာ ထူးခြားလွန်းနေခြင်းပင် ဖြစ်သည်။ နောက်ဆုံးမှာတော့ အကြီးအကဲက အယ်လ်ခမီပညာရဲ့ အနှစ်သာရတွေကို နားလည်သွားတော့သည်။ တစ်ချိန်ထဲမှာ သူအရင်က သိရှိထားတဲ့ အယ်လ်ခမီအသိပညာတွေက အသေးအဖွဲ့လေးမျှသာ ဖြစ်ကြောင်း တွေးတောနေမိတော့သည်။

လီကွမ်ရီက ခြင်္သေ့ဂိုဏ်းမှာ နောက်ထပ်ရက်အနည်းငယ် ဆက်နေဖို့ စဉ်းစားထားသည်။ ထိုအတောအတွင်း အကြီးအကဲက လီကွမ်ရီထံ နေတိုင်းရောက်လာပြီး အယ်လ်ခမီပညာနဲ့ ပတ်သက်တာတွေကို လေ့လာသင်ယူသည်။ ယခုနောက်ပိုင်းတွင် ခြင်္သေ့ဂိုဏ်းတစ်ခုလုံးက လီကွမ်ရီကို တော်ဝင်အဆင့်ဧည့်သည်တစ်ယောက်အဖြစ် သတ်မှတ်ထားပြီး ကောင်းမွန်စွာ ဧည့်ခံသည်။ လီကွမ်ရီအပေါ် မကောင်းမြင်နေကြတဲ့ အားလုံးရဲ့ စိတ်တွေက ပြောင်းလဲသွားပြီ ဖြစ်သည်။

" ညီလေးလီ၊ သိပ်မကြာခင် မြို့ထဲမှာ တာအိုဟောပြောပွဲ လုပ်ဖို့ရှိတယ်၊ မင်းသွားချင်လား "
ထိုစဉ် ချီရှောင်းတာအိုက ရင်အနည်းငယ်ပျောက်နေပြီးမှ လီကွမ်ရီထံ ရောက်လာပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

လီကွမ်ရီက ချီရှောင်းတာအို စိတ်လှုပ်ရှားနေတာကို သတိပြုမိလိုက်သည်။ ဒါကြောင့် အနည်းငယ် အံ့အားသင့်သွားပြီး ပြန်မေးသည်။
" မင်းက ဘာကြောင့် အဲ့လောက်ထိ စိတ်လှုပ်ရှားနေတာလဲ၊ တာအို ဟောပြောပွဲက ဒီလောက်ထိ စိတ်လှုပ်ရှားဖို့ လိုမယ်မထင်ဘူး "

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now