861 - 865

117 12 0
                                    

စစ်ဧကရာဇ်(Chapter:861)
(အခွင့်အလမ်းနဲ့ ဖန်တီးမှု)
.......................................
     အင်အားနည်းပါးတဲ့ အဖွဲ့အစည်းတွေက အဆောက်အဦထဲ ဝင်သွားကြပေမယ့် အင်အားကြီးအဖွဲ့တွေမှာမူ ထိုအဆောက်အဦတွေကို စိတ်ဝင်စားပုံမရပေ။ သူတို့ကအဆောက်အဦတွေကို လစ်လျူရှူပြီး အရှေ့ကို ဆက်သွားလိုက်ကြသည်။

     အနည်းငယ် ဆက်သွားပြီးချိန်မှာတော့ ရှေ့ဟောင်းမြို့တော်တစ်ခုကို တွေ့လိုက်ကြရသည်။ မြို့တံခါးက အခိုင်အမာ တည်ဆောက်ထားသလို ထိုမြို့ကို ဧရာမ မြွေကြီးတစ်ကောင်က ကာကွယ်ပေးထားသည်ကိုလည်း တွေ့ရသည်။ ရှေ့ဟောင်းမြို့တော်တစ်ခု တွေ့ရှိတဲ့ သတင်းက လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး အချိန်တိုအတွင်းမှာပင် လူတွေ အများအပြား စုရုံးရောက်ရှိလာကြတော့သည်။ သို့သော် အချို့သော ကျင့်ကြံသူတွေမှာမူ မြို့ကို စိတ်ဝင်စားပုံမရဘဲ ရှောင်ကွင်းသွားကြသည်။ သူတို့က အင်အားကြီးအဖွဲ့တွေ ဖြစ်ပြီး ဒီမြို့က သူတို့အတွက် စွန့်စားဖို့ မထိုက်တန်ဘူးဟု ယူဆထားကြသည်။

     အင်အားနိမ့်ကျတဲ့ အဖွဲ့တွေမှာမူ မတူကြပေ။ သူတို့အတွက်တော့ မြို့အတွင်းမှာ စောင့်ကြိုနေမည့် ရတနာတွေက များစွာ အဖိုးတန်ပေသည်။ ထိုရတနာတွေကို ရရှိပါက သူတို့ရဲ့အဖွဲ့အစည်းတွေအတွက် များစွာ အထောက်အကူ ရရှ်ိမည်ဖြစ်သလို ယခင်ထက်လည်း ပို၍ အင်အားတောင့်တင်းလာနိုင်သည်။ ဒါကြောင့် အားလုံးက မြို့အတွင်း ဝင်ရောက်ဖို့ ကြိုးစားကြတော့သည်။

     "အားလုံး ဂရုတစိုက် လုပ်ဆောင်ကြပါ၊ ဒီမြို့ထဲမှာ အဆောက်အဦတွေ အများကြီး ရှိနေတယ်၊ ငါတို့သာ အထဲကို ဝင်သွားနိုင်ရင် အကျိုးအမြတ်တွေ အများကြီး ရလာမှာ အသေအချာပဲ၊ အောင်မြင်မှုသာရခဲ့ရင် ငါတို့ဂိုဏ်းရဲ့ အနာဂတ်က ကြီးကျယ်မြင့်မြတ်လာလိမ့်မယ်၊ ကြိုးစားကြပါ၊ ဂိုဏ်းရဲ့ အနာဂတ်က မင်းတို့လို လူငယ်တွေအပေါ် အများကြီး မူတည်နေတယ်"ဂိုဏ်းချုပ်တစ်ယောက်က ရှေ့ဟောင်းမြို့တော်ကို တစ်ချက် ကြည့်ရင်း သူ့တပည့်တွေကို ပြောလိုက်သည်။

     အချိန်တိုအတွင်းမှာပင် အဖွဲ့အစည်း အသီးသီးက မြို့ကို ဝိုင်းရံပြီး မြို့ရိုးကို ချိုးဖျက်ဖို့ ကြိုးစားလိုက်ကြသည်။ သို့သော် ဒီမြို့ကို ကာကွယ်နေတဲ့ ဧရာမမြွေကြီးက အမှန်ပင် အားကြီးလွန်းလှသည်။ ၎င်းထံမှ ထုတ်လွတ်လာတဲ့ လျှပ်စီးအလင်းတန်းတွေက တကယ်ကို ပြင်းထန်ရက်စက်လွန်းလှပြီး ကျင့်ကြံသူအများအပြားရဲ့ အသက်ကို ချွေသွားခဲ့သည်။ နောက်ဆုံးမှာတော့ အားလုံးမှာ တစ်ကွဲတစ်ပြား မလုပ်ရဲကြတော့ဘဲ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြသည်။ ဘိုးဘေးအချို့ပင် တိုက်ပွဲအတွင်း ဝင်ပြီး အကူအညီပေးခဲ့ရသည်။ သို့သော် ကြီးမားရဲ့ ပေးဆပ်မှုတွေ ပြုလုပ်ပြီးမှသာ ဧရာမ မြွေကြီးကို သတ်ဖြတ်နိုင်ခဲ့ကြသည်။ သေချာတာတစ်ခုကတော့ ဒီတိုက်ပွဲ၌ ကျင့်ကြံသူအများအပြား ကျဆုံးသွားခဲ့ရသည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now