886 - 890

114 12 0
                                    

စစ်ဧကရာဇ်(Chapter:886)
(ယဲ့ချင်းချန်ရဲ့အကြံ)
................................
     ထင်းရှူးဘိုးဘိုးက လက်တစ်ဖက်ဖြင့် ဧကရာဇ်လက်နက်တွေကို ပြန်လည်ခုခံပြီး အခြားတစ်ဖက်မှာတော့ ဓားတစ်လက် ထွက်ပေါ်လာခဲ့သည်။ ဓားက မဟာလုလင်နဲ့ ထာဝရအင်ပါယာတို့ရဲ့ ဧကရာဇ်ကျင့်စဉ်တွေကို ပိုင်းဖြတ်ပြီး ဖြိုခွဲလိုက်သည်။ တိုက်ပွဲက တဖြည်းဖြည်းနဲ့ လွန်စွာ ပြင်းထန်လာခဲ့ပြီး ကောင်းကင်ကိုပင် ပြိုပျက်လုမတတ် ဖြစ်လာခဲ့သည်။

     ထာဝရအင်ပါယာနဲ့ မဟာလုလင်တို့က အလိုက်သင့် လှုပ်ရှားပြီး ပူးပေါင်းတိုက်ခိုက်နေကြသည်။ တစ်ဖက်မှာတော့ လီဖန်းမင်က ထင်းရှူးဘိုးဘိုးရဲ့ အလစ်ကို စောင့်ပြီး ဟာကွက်တွေကို ချောင်းမြောင်းတိုက်ခိုက်သည်။ သူတို့သုံးယောက်ရဲ့ မဟာဗျူဟာက ထင်းရှူးဘိုးဘိုးကို ထိခိုက်အောင် မလုပ်နိုင်သေးပေမယ့်လည်း အနည်းဆုံးတော့ ထင်းရှူးဘိုးဘိုးရဲ့ တန်ပြန်တိုက်ခိုက်မှုတွေကို လျော့ကျသွားစေခဲ့သည်။ ဧကရာဇ်ဖိနှိပ်ခြင်း ကျင့်စဉ်ရဲ့ ပြင်းထန်တဲ့ ဖိအားတွေကလည်း များစွာ ယုတ်လျော့သွားခဲ့ရသည်။

     "ထင်းရှူးဘိုးဘိုးက အရမ်းအားကောင်းတာပဲ"မြို့တော်ပြင်ပမှ ကြည့်ရှုနေတဲ့ ဘိုးဘေးတစ်ယောက်ပင် ထင်းရှူးဘိုးဘိုးရဲ့ အင်အားကို ကြည့်ပြီး ဆွံ့အ မင်သက်နေမိသည်။ တစ်ဦးထဲနဲ့ ဧကရာဇ်လက်နက်တွေ ကိုင်ဆောင်ထားတဲ့ စကြာဝဠာအဆင့် ၃ယောက်ကို အထက်စီးမှ တိုက်ခိုက်နေနိုင်ခဲ့သည်။ ဧကရာဇ်ဖိနှိပ်ခြင်း ကျင့်စဉ်က အားကောင်းသည်ဆိုလျှင်တောင်မှ ထင်းရှူးဘိုးဘိုးရဲ့ ကိုယ်ပိုင်အင်အားကိုလည်း လျှော့တွက်ထားလို့တော့ မရပေ။

     "ထင်းရှူးဘိုးဘိုးသာ ဧကရာဇ်အဆင့် လက်နက်ကို အသုံးပြုရင် အင်မော်တယ်ဧကရာဇ်တွေကို ရင်ဆိုင်နိုင်မှာလား"ကျင့်ကြံသူတစ်ဦးက စိတ်လှုပ်ရှားစွာနဲ့ ရေရွတ်လိုက်သည်။

     "ဒါကြောင့်လည်း ထင်းရှူးဘိုးဘိုးကို နတိဆိုးမျိုးနွယ်တွေရဲ့ မဟာဘိုးဘေးတစ်ယောက်အဖြစ် အားလုံးက အသိအမှတ်ပြုခဲ့ကြတာပဲ"အခြား ကျင့်ကြံသူတစ်ယောက်ကလည်း ခေါင်းတဆတ်ဆတ် ညိတ်ရင်း ထောက်ခံလိုက်သည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now