766 - 770

126 15 0
                                    


စစ်ဧကရာဇစ်(Chapter:766)
(အနက်ရောင်အရိုး)
..............................
     ဟွမ်ဖုဘိုးဘေးမှာမူ ငါးကြင်းမြစ်ဂိုဏ်းရဲ့ မဟာဘိုးဘေးလို သူ့ကိုယ်သူ နိမ့်ချခြင်းမရှိပေ။ တကယ်တော့ သူ့ရဲ့လက်ရှိကျင့်ကြံခြင်း အဆင့်အတန်းအရ ကြောက်မက်ဖွယ် ကောင်းသည်မှာ မှန်သည်။ သို့သော် ကောင်းကင်ဘုံးကမ္ဘာတစ်ခုထဲကသာ သူ့ကို နတ်ဘုရားစစ်သည်တော်တစ်ယောက်အဖြစ် အသိအမှတ်ပြုကြသေးသည်။ ကျန်တဲ့ ကမ္ဘာရှစ်လုံးက သူ့ကို အသိအမှတ်ပြုဖို့ဝေးပြီး သိပင် မသိကြပေ။

    သို့သော် ဟွမ်ဖုဘိုးဘေးက ထိုအရာတွေကို ဂရုမစိုက်ပေ။ ကောင်းကင်ဘုံကမ္ဘာရဲ့ အသိအမှတ်ပြုမှုတစ်ခုနဲ့တင် နတ်ဘုရားစစ်သည်တော်တစ်ယောက်အဖြစ် သူ့ကိုယ်သူ အလွန်အမင်း ဂုဏ်ယူနေခဲ့သည်။ ယခုမူ လီကွမ်ရီက သူ့ကို ဂရုမစိုက်ဟန်နဲ့ ပြုမူနေခဲ့သည်။ ဘယ်လိုလုပ် သည်းခံနိုင်တော့မည်နည်း။

     "တိရိစ္ဆာန်ကောင်၊ မင်းကို အမျိုးမျိုး နှိပ်စက်ပြီးမှ သတ်ပေးမယ်၊ မင်းမသေခင်မှာ ဝေဒနာအမျိုးမျိုး ခံစားသွားစေရမယ်"
ဟွမ်ဖုဘိုးဘေးက လီကွမ်ရီကို ဒေါသတကြီး ကြိမ်းမောင်းသည်။ သူ့ခန္ဓာကိုယ်အနှံ့မှာလည်း သတ်ဖြတ်ချင်စိတ်တွေ ဖြာထွက်နေခဲ့သည်။ သူ့ရဲ့သွေးသားစွမ်းအင်တွေကလည်း ယခင်ထက် ပိုမိုအားကောင်းလာခဲ့တော့သည်။

     မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် ကြောက်မက်ဖွယ် အော်ရာတွေက နဂါးငွေ့တန်းအလား အရာအားလုံးကို ဖုံးလွှမ်းခဲ့သည်။ တစ်ဆက်ထဲမှာ ဟွမ်ဖုဘိုးဘေးရဲ့ ကံစွမ်းအားလက်နက်ဖြစ်တဲ့ လက်စွပ်လေးက ယခင်ထက် ပိုမိုတောက်ပြောင်လာခဲ့ပြန်သည်။ ထိုအချိန်မှာပင် လက်စွပ်ရဲ့အလယ်တည့်တည့်မှာ ဧရာမလက်ဝါးကြီးတစ်ခု ကျဆင်းလာခဲ့တော့သည်။ ယင်းက အရာအားလုံးကို ဖျက်ဆီးပစ်နိုင်စွမ်းရှိဟန်ရပြီး အညာအတာ ကင်းမဲ့စွာ ကျဆင်းလာခဲ့သည်။ ချက်ချင်းပင် စံအိမ်အတွင်းရှိနေတဲ့ အဆိပ်ကောင်တွေအားလုံးကို အေးခဲသွားစေတော့သည်။

     ကျစ်ယန်ရဲ့ မိစ္ဆာဝါးမြိုခြင်းရတနာမှာလည်း ဟွမ်ဖုဘိုးဘေးရဲ့ကြောက်မက်ဖွယ်အော်ရာတွေအောက် အရောင်အဝါတွေ မှေးမှိန်သွားရတော့သည်။ ဒါကို ကြည့်ခြင်းအားဖြင့် ဟွမ်ဖုဘိုးဘေးရဲ့ တိုက်ခိုက်မှုက မည်မျှ ပြင်းထန်သည်ဆိုတာကို အရိပ်အမြွက်တော့ သိရှိနိုင်ပေသည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now