441 - 445

152 17 0
                                    


စစ်ဧကရာဇ်(Chapter:441)
....................................
(ရွှေမင်းသား)
..................
မီးတောက်နတ်ဘုရားမင်းသားက ယဲ့ရှာရဲ့ စကားကို ဂရုမစိုက်ပေ။ သူက ယဲ့ရှာကို အေးတိအေးစက် ကြည့်ပြီး ပြန်လည်လှောင်ပြောင်သည်။
" ယဲ့ရှာ၊ သခင်တိကျော မရှိရင်တောင် မီးတောက်နတ်ဘုရားဂိုဏ်းက မင်းတို့ကို ဖျက်ဆီးပစ်နိုင်တယ်၊ မင်းဘယ်ကို ထွက်ပြေးထွက်ပြေး လွတ်မှာ မဟုတ်ဘူး "

မီးတောက်နတ်ဘုရားမင်းသားက ဆက်ပြောသည်။
" ငါအခုလာတယ်ဆိုတာက ငါ့ညီမ ကိုယ်စား ရောက်လာခဲ့တာဘဲ၊ သိပ်မကြာခင်မှာ သူမလည်း ဒီကို ရောက်လာလိမ့်မယ်၊ ဒါကြောင့် ငါ့အရှေ့မှာ ဝံ့ကြွားပြီး မနေပါနဲ့ "

ယဲ့ရှာရဲ့ မျက်နှာက အရုပ်ဆိုး အကျဉ်းတန်သွားရတော့သည်။ မီးတောက်နတ်ဘုရားမင်းသားက သူ့ကို သွယ်ဝိုက်ပြီး ခြိမ်းခြောက်နေပေသည်။ မီးတောက်နတ်ဘုရားဂိုဏ်းရဲ့ ဖီးနစ်မင်းသမီးက သခင်တိကျောနဲ့ လက်ထပ်ထားမှတော့ သူ့အနေနဲ့ ဘာမှ တတ်နိုင်မည် မဟုတ်ပေ။ သူသာ မီးတောက်နတ်ဘုရားဂိုဏ်းကို ရန်စမိပါက သခင်တိကျော ရောက်လာပြီး အမှောင်ခြေလျင်ဂိုဏ်းတစ်ခုလုံး ဖျက်ဆီးခံလိုက်ရမည် ဖြစ်သည်။

ကျင့်ကြံသူ အများအပြားမှာ ဖီးနစ်မင်းသမီး ရောက်လာမည်ဆို၍ ပို၍ပင် တုန်လှုပ်သွားကြရတော့သည်။ ဖီးနစ်မင်းသမီးက ပင်ကိုယ်ပါရမီ မြင့်မားပြီး ထူးခြားထက်မြက်သူ တစ်ယောက် ဖြစ်သည်။ ဒါ့အပြင် သူမက သခင်တိကျောနဲ့ လက်ထပ်ထား၍ သူမကို မည်သူမှ ရန်မဝံ့ကြပေ။ သူမကို ရန်စခြင်းက သေမင်းကို လက်ယပ်ခေါ်နေခြင်းနဲ့ မထူးခြားလှပေ။

ထိုစဉ် ကောင်းကင်နတ်ဆိုးဂိုဏ်းမှ မို့တာအိုလီက အခြေအနေကို ဝင်ထိန်းဟန်နဲ့ စကားဝိုင်းထဲဝင်လာခဲ့သည်။ သူက ယဲ့ရှာကို ကြည့်ပြီး ပြောသည်။
" ယဲ့ရှာ၊ မင်းက အရမ်းအစွမ်းထက်ပါတယ်၊ ဒါပေမယ့် မင်းက ဖီးနစ်မင်းသမီးကိုတော့ ယှဉ်လို့မရသေးဘူးလေ၊ ဒါကြောင့် မီးတောက်နတ်ဘုရားမင်းသားကို ပြန်တောင်းပန်လိုက်ပါလား၊ မင်းဘယ်လို သဘောရလဲ...."

မီးတောက်နတ်ဘုရားဂိုဏ်း၊ ကောင်းကင်နတ်ဆိုးဂိုဏ်းနဲ့ အမှောင်ခြေလျင်ဂိုဏ်းတို့က တောင်ပိုင်းဒေသမှာ အင်အားကြီးမားကြသည်။ ဒါ့အပြင် မို့တာအိုလီက ယဲ့ရှာနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု ရှိ၍ ယဲ့ရှာကို မထိခိုက်စေလိုပေ။ ဒါကြောင့်လည်း အခြေအနေတွေ မဆိုးရွားသွားခင်မှာ သူက ဝင်ရောက်ဖြန်ဖြေလိုက်ခြင်း ဖြစ်သည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now