၁၆၆ - ၁၇၀

328 16 0
                                    

စစ်ဧကရာဇ် ( Chapter:166 )
.....................................
( ရွေ့လျားနေတဲ့  ခေါင်းတလား ၂ )
...........................................
" ဟမ်....ရှေ့ဟောင်းသန့်ရှင်းနယ်မြေဂိုဏ်းက ကောင်စုတ်လေးက ဒီလောက်ထိ လုပ်လိုက်တာလား၊ သူက နောက်ဖြစ်လာမယ့် အကျိုးဆက်တွေကို နားမလည်ဘူးလား၊ အခု လက်ရှိ ရှေ့ဟောင်းသန့်ရှင်းနယ်မြေဂိုဏ်းက တတိယတန်းစားဂိုဏ်းအဆင့်ဘဲ ရှိတော့တာ၊ ကောင်းကင်ဘုံနတ်ဘုရားဂိုဏ်းနဲ့ မိုးပြာရောင်ရှေ့ဟောင်းနိုင်ငံကသာ လာတိုက်ရင် သူတို့က ဘယ်လိုများ ခုခံနိုင်မှာလဲ၊ ဒီကောင်လေးက ဆင်ခြင်ညဏ် အရမ်းကင်းမဲ့တာဘဲ........."
ထိုစဉ် ကျင့်ကြံသူတစ်ယောက်က စိတ်ပျက်စွာနဲ့ ပြောလိုက်သည်။

ထိုကျင့်ကြံသူရဲ့ စကားကို ကြားမှ လူအားလုံးကလည်း  ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို တွေးပြီး တုန်လှုပ်ကုန်ကြတော့သည်။ သူတို့အားလုံးရဲ့ အမြင်တွင် လက်ရှိရှေ့ဟောင်းသန့်ရှင်းနယ်မြေဂိုဏ်းရဲ့ အဆင့်အတန်းအရ ကောင်းကင်ဘုံ နတ်ဘုရားဂိုဏ်းဖြစ်ဖြစ်၊ မိုးပြာရောင် ရှေ့ဟောင်းနိုင်ငံ ဖြစ်ဖြစ် မည်သူ့ကိုမှ ရင်ဆိုင်နိုင်မည် မဟုတ်ချေ ။ တကယ်လို့ ထိုဂိုဏ်းနှစ်ခုသာ ပူးပေါင်းပြီး လာရောက်တိုက်ခိုက်ပါက သူတော်စင်နတ်ဆိုးကိုးပါးဂိတ်ပင် ရှေ့ဟောင်းသန့်ရှင်းနယ်မြေဂိုဏ်းရဲ့ ကံကြမ္မာကို ကင်တင်နိုင်တော့မည် မဟုတ်ချေ ။

" ဒီကောင်စုတ်လေးက တကယ့်မွန်းစတားတွေကို ရန်စလိုက်တာဘဲ၊ ရှေ့ဟောင်းသန့်ရှင်းနယ်မြေဂိုဏ်းရဲ့ ဇာတ်သိမ်းခန်း ရောက်တော့မယ် ထင်တယ် "
ကျင့်ကြံသူတစ်ယောက်ကလည်း လီကွမ်ရီအကြောင်းကို တွေးတောရင်း မှတ်ချက်ချ လိုက်သည်။

ကောင်းကင်မြို့ဟောင်းသို့ ရှန်းထိန်ရောက်နေတဲ့ သတင်းက ကျင့်ကြံသူတွေအကြား လူပြောများနေကြသည်။ သို့သော် နောက်ထပ်ဂိုဏ်းအသီးသီးမှ ပါရမီရှင် လူငယ်တွေလည်း တဖွဲဖွဲနဲ့ ရောက်လာခဲ့ ကြ၍ ရှန်းထိန်ရဲ့ သတင်းက မေးမှိန်သွားပြန်သည်။

" ရတနာကျောက်တိုင်ကျောင်းတော်က သူတော်စင်လုလင်ရော ဒီကို ရောက်နေပြီတဲ့ "
ကျင့်ကြံသူတစ်ယောက်က အံ့အားသင့်စွာ ဆက်ပြောသည်။
" သူရဲ့ ခန္ဓာကိုယ်အမျိုးအစားက အထွတ်အမြတ်တောင်တော် ခန္ဓာကိုယ်အမျိုးအစားဘဲ၊ သူကရော ရှေ့ဟောင်းသချႋ ုင်းမြေထဲမှာ သင်္ဂြိုလ်ခံဖို့များ လာတာလား "

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now