Chapter-1

1.3K 95 0
                                    

ဇာလွှာလေးတွေ တလွင့်လွင့်နှင့်အတူ နေရာတိုင်းမှာ ပန်းရောင်နှင်းဆီပန်းများ အပြည့်ရှိနေသော ခန်းမအတွင်းတွင် မင်္ဂလာပွဲတစ်ပွဲကျင်းပလျက်ရှိသည်။

မင်္ဂလာမောင်နှံ ထွက်အလာကို စောင့်မျှော်လျက်ရှိကြသော ဧည့်သည်များကြောင့် ခန်းမကြီးမှာလည်း စည်စည်ကားကားရှိလှသည်။

ထိုအချိန် အဝတ်လဲခန်းတစ်ခန်းအတွင်းရှိ လူများမှာတော့ သတို့သားသတို့သမီးအထွက်အတွက် နောက်ဆုံးအနေနဲ့ ပြင်ကြဆင်ကြနှင့် အလုပ်ရှုပ်နေကြလေ​၏။

"ကွမ်းရှီး၊ ကွမ်းရှီး? နင့်ကို မေးနေတာ၊ ဘာတွေတွေးနေတာလဲ။ ငါ ဘယ်လိုနေလဲ။" မင်္ဂလာဝတ်စုံဝတ်လျက် မှန်တင်ခုံရှေ့တွင် ထိုင်နေသော မိန်းကလေးဟာ နောက်ကို လှည့်ကြည့်ပြီး မေးလာခဲ့သည်။

ကွမ်းရှီး တွေးလက်စအတွေးတို့ ပျက်တောက်သွားကာ သူမရှေ့မှ မှန်ကို ကြည့်လာခဲ့သည်။ အချိန်အနည်းငယ်ကြာမှသာ သူမ​၏ ပျံ့လွင့်နေသောစိတ်ကို စုစည်းနိုင်လိုက်ပြီး ပြန်ဖြေလိုက်သည်။

"လှတယ်။ ငါရွေးပေးထားတာလေ။ မလှစရာအကြောင်းကို မရှိဘူး။"

"ဟုတ်တယ်နော်။" လက်ထပ်ရတော့မှာဖြစ်တဲ့အတွက် ပျော်ရွှင်နေပုံပေါ်သော မိန်းကလေးသည် သူမလည်ပင်းရှိ တန်ဖိုးကြီးလည်ဆွဲကို ထိကြည့်လိုက်ကာ "အဲ့ဒီနေ့က နင့်ကိုပါ ခေါ်သွားလိုက်တာ တကယ်ကံကောင်းတာပဲ။ နင်က တကယ်ကို အမြင်စူးရှတာ။"

ကွမ်းရှီး​၏ နှုတ်ခမ်းစွန်းလေးများ ပင့်တက်သွားကာ "ဒါကတော့ ပြောနေစရာကို မလိုဘူး။"

"သတို့သမီး အဆင်သင့်ဖြစ်ရင် ထွက်လို့ရပါပြီ။" ဝန်ထမ်းတစ်ယောက် အခန်းတံခါးကို တွန်းဖွင့်ပြီး ဝင်လာခဲ့သည်။

"အင်း၊ သိပြီ။"

တစ်ယောက်ပြီးတစ်ယောက် အခန်းထဲမှ ထွက်သွားကြသော်လည်း ကွမ်းရှီးကတော့ သတို့သမီး ကျုံးလန်ဖန်းထွက်ရန် ပြင်ဆင်ပေးနေကြသော လူအုပ်ကြီးကို ဘေးကနေသာ ကြည့်နေလိုက်တော့သည်။ ကျုံးလင်ဖန်းမှာ သူမ​၏ ငယ်သူငယ်ချင်းဖြစ်ပြီး ကျုံးလင်ဖန်း​၏ မင်္ဂလာပွဲတွင် သူမအပါအဝင် သတို့သမီးအရံခြောက်ယောက်ပါသည်။

Come To My Side (Myanmar Translation)Where stories live. Discover now