Chapter-45

675 76 9
                                    

ဗိုက်အရမ်းဆာနေလို့ ထင်ပါရဲ့၊ ကွမ်းရှီးအတွက်တော့ အခုစားနေရတဲ့စားစရာတွေက သူမတစ်ဘဝလုံး စားဖူးသမျှထဲမှာ အရသာအရှိဆုံးလို့တောင် ထင်မိသည်။

ဒါမှမဟုတ် သိပ်မရင်းနှီးတဲ့သူတွေနဲ့အတူ နိုင်ငံရပ်ခြားမှာ ရောက်နေတဲ့အချိန် ကျန်းဆွေကျိုးကို ရုတ်တရက်တွေ့လိုက်ရတဲ့အခါ လူက စိတ်အေးလက်အေးဖြစ်သွားတာကြောင့်လည်း ဖြစ်နိုင်ပါသည်။

"အစက ဒီမှာနေမလို့ မဟုတ်ပါဘူး။" ကွမ်းရှီးက စားရင်း ပြောလိုက်သည်၊ "ငါက ဒီဘက်က အကောင်းဆုံးဟိုတယ်ရဲ့ အတွင်းပိုင်းအပြင်အဆင်တွေကို ရိုက်ပြချင်တာ၊ အဲ့ဒါ အထက်လူကြီးကို မနည်းပြောပြီးမှ နှစ်ညလေးနေခွင့်ရတာ။ အဲ့ဒီတော့ ဘတ်ဂျက်နဲ့ တွက်လိုက်တဲ့အခါ ဒီရှေ့ရက်ပိုင်းတွေကို နည်းနည်းအဆင့်နိမ့်တဲ့ဟိုတယ်မှာပဲ နေလို့ရတော့တာလေ။"

ကျန်းဆွေကျိုးက သူမကို ကြည့်ကာ "မင်းတို့စတူဒီယိုက ဘတ်ဂျက်မလောက်ဘူးလား။"

ကွမ်းရှီး ; "ငါ စတူဒီယိုလေးငါးခုလောက် ယှဉ်ကြည့်ပြီးပြီ။ ဒီတစ်ခုက သိပ်မဆိုးလို့။ သူဌေးက နည်းနည်း...... စီးပွားရေးဆန်ရုံလေးတင်။"

ကျန်းဆွေကျိုး ; "ဪ၊ ဒါဆို စားပြီးရင် သွားရအောင်။ ဒီမှာ မနေနဲ့တော့။"

အရင်ကသာဆို ကွမ်းရှီးရဲ့ ပထမဆုံးအတွေးက သေချာပေါက်ကို "သွားမှာပေါ့။ ကျန်းဆွေကျိုးနဲ့ဆို အားနာနေစရာမှ မလိုတာ။" ဒါပေမဲ့ ဒီတစ်ခါ သူမ ခေါင်းမညိတ်လိုက်ခဲ့ပေ။ သူငယ်ချင်းနဲ့ မကျေနပ်ချက်တွေပြောတာက ပြောတာပဲ၊ အလုပ်ကိစ္စက အလုပ်ကိစ္စသက်သက်ပဲ။ စိတ်ညစ်တာက ခဏလောက်ညစ်ရင်တော်ပြီပေါ့၊ အလုပ်ကိုတော့ စီစဉ်ထားတဲ့အတိုင်းပြီးအောင် လုပ်ရမှာပဲလေ။

နောက်ပြီး သူမအဖွဲ့က အကုန် ဒီမှာနေနေကြတာ။ တကယ်လို့ အစည်းအဝေးသာ ခေါ်စရာရှိလာခဲ့ရင် အဲ့ဒီကျမှ သူမက ဒီကို ပြေးလာနေရမှာလေ။

ကျန်းဆွေကျိုး;  "ဘာလို့လဲ။"

"သွားတော့ မသွားတော့ပါဘူး။ ငါ မနက်ဖြန်လည်း လုပ်စရာတွေ အများကြီးရှိသေးတယ်။ ဟိုသွားလိုက် ဒီပြန်လိုက်နဲ့ဆို ဘယ်လောက်တောင် အလုပ်ရှုပ်လိုက်သလဲ။" ကွမ်းရှီး ပြောပြလိုက်သည်။

Come To My Side (Myanmar Translation)Where stories live. Discover now