Chapter-32

592 70 3
                                    

ကွမ်းရှီးဟာ ကျန်းဆွေကျိုးလိုမျိုး ဒဏ်ရာပြင်းပြင်းထန်ထန် ရမသွားခဲ့ချေ။ သူမ အဖျားပျောက်သွားပြီး နေကောင်းစပြုလာတဲ့အခါ လူကလည်း လန်းလန်းဆန်းဆန်း တက်တက်ကြွကြွပြန်ဖြစ်လာတော့သည်။ သို့သော်လည်း မတော်တဆဆိုတာ မရှိရလေအောင် ဆရာဝန်က သူမကို ဆေးရုံမှာ နောက်တစ်ရက် ထပ်နေပြီး စောင့်ကြည့်ခံဖို့ ပြောခဲ့သည်။

သူမ ပြန်ပေးဆွဲခံရတဲ့ကိစ္စက အပြင်လူမသိအောင် ဖုံးထားတာကြောင့် အမျိုးတွေအပြင် ရင်းနှီးတဲ့သူငယ်ချင်းတွေလောက်သာ သိကြသည်။ ဒါ့ကြောင့် ယန်မင်ကျစ်ကို တွေ့လိုက်ရတဲ့အခါ ကွမ်းရှီး အံ့ဩသွားခဲ့ရပေ၏။

"ဦးလေးယန်၊ ဦးလေးက ဒီအကြောင်းကို ဘယ်လိုလုပ်သိသွားတာလဲ။" ကွမ်းရှီး မေးလိုက်မိသည်။

ယန်မင်ကျစ်ဟာ ခုတင်ဘေးက ကုလားထိုင်မှာထိုင်လိုက်ကာ "ဘာလဲ။ မင်းအဖေဆီကနေသာ မကြားမိရင် ငါ့ကို ဒီအကြောင်း ပြောမပြတော့ဘူးလို့ တွက်နေတာလား။"

ကွမ်းရှီး "ကိစ္စသေးသေးလေးပဲဟာကို။"

ယန်မင်ကျစ်က ထဆူပါတော့သည်။ "ဒါကိုတောင် ကိစ္စသေးသေးလေး ဟုတ်လား။ မင်းအသက်တောင် ပျောက်တော့မလို ဖြစ်သွားတာကို ဘာမှမဟုတ်တဲ့ကိစ္စလို့ ပြောနေတုန်းလား။"

ကွမ်းရှီး ရယ်ပြလိုက်ကာ "သမီး ခုလည်း ဘာမှမှမဖြစ်တာ။ ဦးလေး မစိုးရိမ်ပါနဲ့။"

ယန်မင်ကျစ် မျက်မှောင်ကြုတ်သွားကာ "ဖန်းကျစ်ဟုန်ဆိုတဲ့ကောင်က ရဲစခန်းမှာ သေတောင် ဘာမှမပြောမဲ့ပုံ ဖြစ်နေတယ်ကြားတယ်။ ဘာလုပ်လုပ် သူ့ကို ဘယ်သူခိုင်းတာလဲဆိုတာကို မပြောဘဲနဲ့ သူတစ်ယောက်တည်းရဲ့ အကြံပါဆိုပြီး ပြောနေတယ်ဆို။"

ကွမ်းရှီး "သူ့ကို ဘယ်သူမှ မခိုင်းဘူးဆိုတာကိုတော့ သမီးလည်း ယုံတယ်။"

ယန်မင်ကျစ် "မင်းသိလား။ အဲ့ဒီကောင်နဲ့ ကွမ်းယင်က ငယ်ပေါင်းကြီးဖော်တွေဆိုတာကို။ သူ့အိမ်က ကွမ်းယင်တို့ မွေးစားမိဘတွေရဲ့ မျက်နှာချင်းဆိုင်မှာဆိုတာကိုရော?"

"သူတို့ချင်း ရင်းနှီးမှန်း သမီး သိပါတယ်။"

"ဒါကိုတောင် မင်းက--"

Come To My Side (Myanmar Translation)Where stories live. Discover now