Chapter-14

634 76 1
                                    



ဒီအချိန်အတောအတွင်း ကွမ်းယင်ရော
ကွမ်းရှီးရော အရမ်းကို ကြိုးစားခဲ့ကြသည်။

ကွမ်းယင်က ကြိုးကြိုးစားစားနဲ့ သင်ယူလေ့လာသလို ကွမ်းရှီးကလည်း ကြိုးကြိုးစားစားနဲ့ သင်ကြားပြသပေးခဲ့သည်။

အိမ်မှာဖြစ်စေ၊ ကုမ္ပဏီမှာဖြစ်စေ ကွမ်းရှီးဟာ ကွမ်းယင်ကို ဒီပရောဂျက်ကို ဘာလို့ဒီနေရာမှာ လုပ်ရသလဲ၊ ဒီပရောဂျက် ဦးတည်တဲ့ အသက်အရွယ်အပိုင်းအခြားက ဘယ်လောက်လဲ၊ ဝန်ဆောင်မှုနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေ စသဖြင့် အချိန်တွေ အများကြီးပေးပြီး သူ နားလည်အောင် ရှင်းပြပေးခဲ့သည်။

ပုံမှန်ဆို တစ်ယောက်ယောက်ကသာ သူမကို ဒီလိုအခြေခံမေးခွန်းတွေ လာမေးခဲ့ပါက အဲ့ဒီဦးနှောက်မရှိတဲ့လူကို ဆူလွှတ်ရင်လွှတ် မဟုတ်ရင် သူမလက်အောက်ကလူနဲ့သာ လွှဲထားလိုက်မည်ဖြစ်သည်။

သို့ပေမဲ့လည်း အခုက ကွမ်းယင်ဖြစ်နေခဲ့သည်။ စိတ်နေသဘောထား နူးညံ့ပြီး သိမ်သိမ်မွေ့မွေ့ ညင်ညင်သာသာနဲ့ "ငါကတော့ နင့်ကို အရမ်းသဘောကျတယ်"လို့ ပြောထားသည့် အစ်မမဟုတ်လား။

လန်နင်ယီးပြောသည့်အတိုင်းဆို ကွမ်းယင်က (ဗိုလ်ကျလွန်းတဲ့ ဥက္ကဌက ငါ့ကို ချစ်သွားတယ်) ဆိုတဲ့ထဲက Female lead ဖြစ်ပြီး သူမကတော့ အမြဲမကောင်းတဲ့ အကြံတွေနဲ့ပြည့်နေတဲ့ ဗီလိန်မကြီး ဖြစ်နေသည်လေ။

ဒါ့ကြောင့် သူမသာ စိတ်မရှည်တဲ့အမူအရာလေးတစ်ခုလောက် ပြမိတာနဲ့ သူများကို အနိုင်ကျင့်သလို ဖြစ်နေလိမ့်မည်။

သူမ ပေါ်ပေါ်ထင်ထင်ကြီး လူဆိုးသွားလုပ်လို့ မဖြစ်ဘူးလေ။

ဒီနေ့ ကွမ်းရှီးရဲ့အဖွဲ့တစ်ဖွဲ့လုံး UTour Travel ကိုသွားပြီး နန်ရှန်းပရောဂျက်အကြောင်း အစည်းအဝေးလုပ်ရမည်ဖြစ်သည်။

UTour Travel Business Co.Ltd. (UTour Travel ကုမ္ပဏီလိမိတက်) ဟာ ကျန်းမိသားစုပိုင် ကွမ်းယိလုပ်ငန်းစုလက်အောက်က ကျန်းဆွေကျိုး တာဝန်ယူထားရသော ကုမ္ပဏီတစ်ခုဖြစ်ပြီး နန်ရှန်းပရောဂျက်ကတော့ UTour Travel နဲ့ သူမတို့ ကွမ်းလုပ်ငန်းစုတို့ကြားက ဖက်စပ်ပရောဂျက်တစ်ခုဖြစ်ပေသည်။

Come To My Side (Myanmar Translation)Where stories live. Discover now