Chapter-34 (part two)

592 67 0
                                    

ဒရိုင်ဘာက ခေါင်းညိတ်ပြပြီး ကားကို ဦးတည်ရာပြောင်းလိုက်သည်။

ကားကို လှည့်ပြီး မိန်းလမ်းမပေါ် ပြန်တက်နေချိန် ကျန်းဆွေကျိုးဟာ ခေါင်းငုံ့ပြီး ကွမ်းရှီးဆီ မက်ဆေ့ပို့နေခဲ့သည်။
(ညစာစားဖို့ လာခဲ့။)

အဲ့ဒီမက်ဆေ့ ကွမ်းရှီးဆီ ရောက်သွားတဲ့အချိန် သူမဟာ ရှဲ့ယန်နဲ့ ရုံးခန်းထဲကနေ ထွက်လာတုန်းဖြစ်သည်။ မက်ဆေ့ကို ဖတ်ပြီးတဲ့အခါ ကွမ်းရှီး နည်းနည်းထိတ်လန့်သွားမိသည်။ ဒီနှစ်ရက်အတွင်းမှာ အဲ့ဒီမျက်နှာချင်းဆိုင်ပြီး မဖြေရှင်းချင်တဲ့စိတ်ကြီးက ပိုပိုပြီး ဆိုးလာနေသည်လေ။

သူမ မြန်မြန်ပဲ စာပြန်လိုက်မိသည်။
(အလုပ်အရမ်းရှုပ်နေလို့။ နောက်မှ။)

"ကွမ်းရှီး" ရှဲ့ယန် နောက်ပြန်လှည့်ကြည့်လိုက်တဲ့အခါ သူမက ခုနကနေရာမှာတင် မတ်တတ်ကြီးငိုင်နေတာကို တွေ့လိုက်ရလေ၏။ "ဘာဖြစ်လို့လဲ။"

ကွမ်းရှီး အသိပြန်ကပ်သွားကာ "ဟမ်? ဘာမှမဟုတ်ပါဘူး။ သွားရအောင်လေ။"

ရှဲ့ယန်;  "ရပါတယ်။ မင်းမှာ လုပ်စရာရှိရင် သွားလေ။"

ကွမ်းရှီး ခေါင်းယမ်းပြလိုက်ကာ "ဘာမှမရှိပါဘူး။ ဒီနေ့တော့ ရှင် ပင်ပန်းသွားပြီ၊ ကုမ္ပဏီနားမှာ စားလို့ အဆင်ပြေတဲ့ဆိုင်တစ်ဆိုင် ရှိတယ်။ ကျွန်မ ရှင့်ကို အရင်ထမင်း လိုက်ကျွေးမယ်လေ။"

ရှဲ့ယန်က ပြုံးသွားကာ "အဲ့ဒီလိုဆိုလည်း ကျွန်တော်ပဲ ကျွေးပါရစေဗျာ။ မိန်းကလေးတစ်ယောက်ကိုပဲ အမြဲ ထမင်းလိုက်ကျွေးခိုင်းနေလို့ မကောင်းဘူးလေဗျာနော်။"

ကွမ်းရှီး "ကျွန်မက ရှင့်ကို အကူအညီတောင်းထားတာပဲကို၊ ကျွန်မကျွေးတာက ဖြစ်သင့်တာပေါ့။"

......

ကျန်းဆွေကျိုး သူမဆီက မက်ဆေ့ကို ရပြီးတဲ့နောက် ထပ်မပို့တော့ချေ။ ဒီနှစ်ရက်အတွင်း ကွမ်းရှီးပို့လာတဲ့ မက်ဆေ့တွေရဲ့အဓိပ္ပာယ်က အမြဲအတူတူသာ၊ အလုပ်များနေတယ် ဟူ၍ပင်။

တကယ်မအားလို့ဆိုရင် သူ့အနေနဲ့ ဘယ်လိုမှနေမှာ မဟုတ်ပေမဲ့ အခုတော့ ကွမ်းရှီးက တကယ်အလုပ်ရှုပ်နေတာ မဟုတ်ဘူးဆိုတာကို သူ သိနေခဲ့သည်။ သူမရဲ့ ဒီနှစ်ရက်အချိန်ဇယားအရသာဆိုရင် ရှဲ့ယန်နဲ့ ဒီဇိုင်းကိစ္စ ပြောတာလောက်သာ ရှိသည်။

Come To My Side (Myanmar Translation)Where stories live. Discover now