Chapter-8

648 59 4
                                    

8

စုန့်လီဆိုတာ ကျန်းဆွေကျိုးနဲ့ နှစ်အကြာကြီး ပေါင်းလာတဲ့ သူငယ်ချင်းအရင်းကြီးတွေဖြစ် ပြီး ကွမ်းရှီးနဲ့ ခင်တာလည်း ကြာလှပြီဖြစ်ကာ ဆက်ဆံရေးကလည်း သိပ်မဆိုးဘူးဟု ဆိုနိုင် ပါသည်။

နောက်တစ်နေ့တွင် စုန့်လီကိုပေးဖို့   လက်ဆောင်အား လက်ထောက်ယန်ချင်း တစ်ယောက် ကျန်းဆွေကျိုးအိမ် လာပို့ပေး   ချိန်တွင် ကွမ်းရှီးမှာ အလှပြင်နေဆဲဖြစ်သည်။ ရေမွှေးဘူးတစ်တန်းလိုက်ကြီရှေ့တွင် ရပ်ကာ ဒီနေ့ ဘယ်တစ်ဘူးကို မျက်နှာသာပေးရင် ကောင်းမလဲဟု တွေးနေခြင်းပင်။

(T/N: ကွမ်းမမလေးတို့ကတော့လေ သူသုံးလို့ ဟိုရေမွှေးဘူးကပဲ မြှောက်စားခံရသလိုလိုနဲ့။ မနိုင်ဘူး၊ ဒီတစ်ယောက်တော့။)

"ဘာကြီးလဲ။" ကွမ်းရှီး အမှတ်တမဲ့ မေးလိုက် သည်။

ယန်ချင်း "အရင်တစ်ခေါက် လေလံပွဲမှာ ရလာတဲ့ ၁၉၂၁ခုနှစ်ထုတ် တီးကျင်းပါ။  ဥက္ကဌစုန့် က အရက်သောက်ရတာကြိုက်တော့          ဒီလက်ဆောင်က သင့်တော်မယ်လို့ထင်ပါ တယ်။"

(T/N:တီးကျင်းဆိုတာ ပြင်သစ်ကထုတ်တဲ့    ဝိုင်တစ်မျိုးပါ။)

ကွမ်းရှီးခေါင်းညိတ်လိုက်ကာ "အဲ့ဒါကို     ဧည့်ခန်းထဲမှာ ထားခဲ့လိုက်။ မင်း သွားလို့ရပြီ။"

"ဟုတ်ကဲ့။"

လက်ထောက် ထွက်သွားပြီးနောက် သူမဖုန်းသံ မြည်လာလေသည်။

ကွမ်းရှီး စပီကာဖွင့်လိုက်ပြီး ဖုန်းကို စားပွဲပေါ် တင်လိုက်သည်။

"ဘယ်တော့ပြန်လာမှာလဲ။"

ကျန်းဆွေကျိုး ဆက်လာခြင်းဖြစ်ကာ
"ကုမ္ပဏီမှာ ကိစ္စနည်းနည်းရှိလို့။ အချိန်ပေးရမဲ့ဟာဆိုတော့ ကိုယ် ညကျ နောက်ကျမှ လာလို့ရမှာ။ မင်း အရင်သွားနှင့်လိုက်တော့။"

"ငါ့ဘာသာငါ မောင်းသွားရမှာလား။"

"မင်းမမောင်းချင်ရင် ကျိုးဟောက်ကို လွှတ် ပြီး ပို့ခိုင်းပေးမယ်လေ။"

ကွမ်းရှီးဟာ သူမ သုံးနေကျရနံ့ကိုပဲ ရွေးလိုက် ကာ "အဲ့ဒါဆို အကြာကြီးစောင့်နေရဦးမှာ...... ထားလိုက်တော့၊ ထားလိုက်တော့။ ကိုယ့်ဘာသာကိုယ် မောင်းသွားတာပဲ ကောင်းပါတယ်။"

Come To My Side (Myanmar Translation)Where stories live. Discover now