Chapter-31

609 65 4
                                    

သစ်သီးတွေက အေးနေတာကြောင့် တကယ်ကို အများကြီးစားလို့ မသင့်တော်ချေ။

ကွမ်းရှီးက ဪဟုသာ ပြောပြီး ချယ်ရီသီး လေးငါးလုံးလောက် ယူလိုက်ပြီးတဲ့နောက် ဝေ့ရှိုးယန်ကို သူမအတွက် သစ်သီးထပ်မယူခိုင်းတော့ချေ။

အချိန်လည်း မစောတော့ချေ။ သို့ပေမဲ့ ဝေ့ရှိုးယန်က ပြန်မဲ့ပုံမပေါ်တာကြောင့် ကွမ်းရှီးက သူ့ကို အတင်းပြောတော့သည်။ "နင် မပြန်သေးဘဲ ဘာလုပ်နေတာလဲ။ ဧည့်တွေ့ချိန် ကျော်သွားပြီလေ။ နင် ပြန်လို့ရပြီ။"

ဝေ့ရှိုးယန် "ဒီလူနာခန်းမှာက အကြာကြီးနေလို့ရတယ်။"

ကွမ်းရှီး စုတ်သပ်လိုက်ကာ "နင် အကြာကြီးနေချင်လည်း ငါက နင့်ကို မနေစေချင်ဘူး ဟုတ်ပြီလား။ ငါ အိပ်ရဦးမှာ။ နင် ပြန်တော့ဟာ။"

ဝေ့ရှိုးယန် မျက်လွှာချသွားခဲ့ပြီး အင်းဟုသာ ပြန်ဖြေလာခဲ့သည်။

"ကွမ်းရှီး"

"ဟမ်။"

"ဒီတစ်ခေါက်ကိစ္စက ကွမ်းယင်နဲ့ သက်ဆိုင်လား၊ မသက်ဆိုင်ဘူးလားဆိုတာ ငါ သေချာမသိဘူး။ ဒါပေမဲ့ နင် သူ့ကို သတိတော့ထား။" ဝေ့ရှိုးယန်က ရုတ်တရက်ကြီး ထပြောလာခဲ့သည်။

ကွမ်းရှီး တုံ့သွားခဲ့သည်။ ကွမ်းယင်က မသင်္ကာစရာကောင်းမှန်း ကွမ်းရှီး သိတာပေါ့။ ဒါပေမဲ့ ဝေ့ရှိုးယန်က ဒီလိုကြီးသတိလာပေးတာကတော့ ထူးဆန်းလှသည်။ "နင် ရုတ်တရက်ကြီး ဘာလို့ ဒီအကြောင်းပြောလာတာလဲ။"

"ငါ့တစ်မိသားစုလုံး ကွမ်းယင်နောက်မှာ ရှိတယ်"ဆိုတဲ့ စကားမျိုး ပြောထွက်ဖို့ကျတော့လည်း ဝေ့ရှိုးယန်အတွက် မလွယ်လှပေ။ ဘာလို့ဆို ဒီတစ်ခေါက်ကိစ္စရဲ့ ဖြစ်ကြောင်းကုန်စင်ကို သူ သေချာမသိတာကြောင့် ဝေ့အိမ်ကို ဆွဲထည့်လို့ မဖြစ်ဘူးလေ။

"ငါ ပြောဖူးတယ်လေ။ ကွမ်းယင်က အိမ်ကို ခဏခဏလာတယ်လို့။ ငါ့ရယ်ရယ်နိုင်းနိုင်းတို့နဲ့လည်း တော်တော်ကြီး နီးနီးကပ်ကပ် ရှိတယ်။" ဝေ့ရှိုးယန် ခဏလောက်တွေးနေလိုက်ပြီးမှ "နင့်အကြောင်း ပေါက်ကြားသွားတဲ့ကိစ္စ......"

"နင့်ရယ်ရယ် နိုင်းနိုင်းတို့ လက်ချက်ပေါ့၊ ဟုတ်လား။"

ကွမ်းရှီး သူတို့ကို ဝိုက်ကုန်းဝိုက်ဖော်လို့ မခေါ်တော့ချေ။

Come To My Side (Myanmar Translation)Where stories live. Discover now