Chapter-46

622 78 5
                                    

ဝမ်းချင်း ပြန်သွားပြီးနောက် ကွမ်းရှီးဟာ ကျန်းဆွေကျိုးနဲ့အတူ အခန်းထဲမှာ မနက်စာ စားလိုက်ခဲ့သည်။

"သတို့သားလောင်း...... ငါဖြင့် ဘာမှမပြောရသေးဘဲနဲ့ကို၊ နင်က ဘယ်ကနေဘယ်လို ဒီအခေါ်အဝေါ်ကို ပြန်သုံးနေတာလဲ။"

ကျန်းဆွေကျိုး; "ဒါဆို ကိုယ်က ညကြီးမင်းကြီး မင်းအခန်းထဲကို လာတဲ့ ယောကျ်ားလေးသူငယ်ချင်းလို့ ပြောလိုက်ရင် သင့်တော်မယ်ထင်လို့လား။"

ကွမ်းရှီးက နွားနို့တစ်ငုံသောက်လိုက်ကာ "သူများက နင် ညကတည်းက ရောက်နေတယ်ဆိုတာကို သိတာမှ မဟုတ်တာ။"

ကျန်းဆွေကျိုး ; "ဒါဆို ကိုယ်က မနက်အစောကြီး မင်းအခန်းထဲကို သွား,လာတိုက်တာလား။"

ကွမ်းရှီး အသံမာချင်ယောင် ဆက်မဆောင်နိုင်တော့သလို ဖြစ်လာတဲ့အခါ နွားနို့ခွက်ကို ချပြီး မတ်တတ်ထရပ်လိုက်ကာ "စားလို့ပြီးပြီ။ ဒီနေ့ ဝတ်ဖို့ ဝတ်စုံသွားကြည့်လိုက်ဦးမယ်။"

ကျန်းဆွေကျိုး ; "မင်းစားတာ ဘယ်လောက်မှတောင် မရှိသေးဘူး။"

"ငါ မနေ့က စားတာ များသွားလို့။"

ကျန်းဆွေကျိုး ; "နွားနို့ ကုန်အောင်‌ သောက်သွား။"

"ခဏနေမှ--"

ကွမ်းရှီးက ပြောနေရင်းနဲ့ပဲ လူက ဗီရိုနားရောက်သွားပြီဖြစ်ကာ တကယ်ကို အင်္ကျီရွေးတော့မဲ့ပုံပင်။

ဒီနေ့ သဲကန္တာရထဲသွားဖို့အတွက် သူမက ဂါဝန်အနီနှစ်ထည်ကို အထူးတလည် ယူလာတာဖြစ်ပြီး နှစ်ထည်လုံးက သူ့အားသာချက်နဲ့သူ ဖြစ်တာကြောင့် ဒီနေ့ ဘာဝတ်သွားရင် ကောင်းမလဲဆိုတာကို သူမ မဆုံးဖြတ်ရသေးချေ။

အစကတော့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကို ကူရွေးခိုင်းဖို့ လုပ်ထားတာဖြစ်ပေမဲ့ အခုတော့ အခန်းထဲမှာ ကျန်းဆွေကျိုး ရှိနေပြီဖြစ်တာကြောင့် သူမ တခြားသူကို သွားခေါ်စရာ မလိုတော့ချေ။

ကွမ်းရှီးဟာ ဂါဝန်နှစ်ထည်ကို တစ်ဖက်တစ်ထည်စီ မြှောက်ပြကာ သူ့နားပြန်သွားပြီး မေးလိုက်သည်၊ "ဘယ်ဟာ ပိုလှလဲ။"

ကျန်းဆွေကျိုးက မေးစေ့ကို လက်ကိုင်ပဝါနဲ့ ဖြည်းဖြည်းချင်း သုတ်ပြီးကာမှ မော့ကြည့်လာကာ "နှစ်ထည်လုံးလှတယ်။"

Come To My Side (Myanmar Translation)Where stories live. Discover now