Extra - 4

529 74 8
                                    

လက်ထပ်ပြီးနောက် နေ့စဉ်ဘဝ - ၂

ကျန်းဆွေကျိုးက ကလေးတွေကို သိပ်စိတ်ဝင်စားတာ မဟုတ်သလို၊ ကွမ်းရှီးကလည်း နာမှာကြောက်ပြီး ခန္ဓာကိုယ်ပုံပျက်သွားမှာ ကြောက်တဲ့သူဖြစ်တာကြောင့် လက်ထပ်ပြီးနောက် တောက်လျှောက် ကိုယ်ဝန်မရအောင် တားထားခဲ့ကြသည်။ နှစ်နှစ်လောက်ကြာပြီး ကွမ်းရှီး ကလေးလိုချင်စိတ်လေး ဖြစ်လာတော့မှာ ကလေးယူဖို့ ဖြည်းဖြည်းချင်း ပြင်ဆင်ကြတော့တာဖြစ်သည်။

အရင်က ကွမ်းကျစ်ယိသမီးလေး ရွေ့ရွေ့ ရှိကာ ကွမ်းရှီးက အဲ့ဒီကလေးမလေးကို အရမ်းသဘောကျတာဖြစ်သည်။ အကြောင်းရင်းကတော့ သူမလည်း ကွမ်းကျစ်ယိနဲ့ အတူတူပင်၊ ကလေးမလေးကို အရုပ်မလေးလို သဘောထားပြီး အဝတ်တွေ ဆင်ပေးလို့ ရတာကြောင့် ဖြစ်လေ၏။ အင်္ကျီလှလှလေးတွေ ဝတ်ပေး၊ လက်ဝတ်ရတနာလှလှလေးတွေ ဆင်ပေး၊ ကြီးလာရင်လည်း အတူတူ ဈေးဝယ်ထွက်လို့ ရသေးသည်။

ဒါပေမဲ့ သူမ မွေးလာတော့ သားလေးဖြစ်နေခဲ့သည်။

အစကတော့ သူမ စိတ်ညစ်သွားခဲ့သေးသည်၊ သူမချန်ခဲ့တဲ့ လက်ဝတ်ရတနာတွေကို အမွေဆက်ခံမဲ့သူ မရှိတော့ဘူးဆိုပြီးတော့ပေါ့။ ဒါပေမဲ့ ထပ်တွေးမိသွားတာက နောက်နှစ်နည်းနည်းကြာလို့ ကလေးလေး ကြီးလာရင် ကျန်းဆွေကျိုးအသေးစားလေး ဖြစ်လာမှာဖြစ်ကာ အဲ့ဒီကျရင်လည်း ကလေးလေးက ကစားလို့ ကောင်းမှာပဲဆိုပြီးတော့ပင်။

ကွမ်းရှီးဟာ ကလေးမွေးပြီး တစ်နှစ်အကြာမှာ အလုပ်တွေပြန်စလုပ်ကာ ခရီးရှည်တွေ ပြန်စထွက်ခဲ့သည်။

ဒီတစ်ခေါက်ခရီးက ဆယ်ရက်ခရီးဖြစ်ကာ အစတုန်းကတော့ အပြင်မထွက်ရတာ ကြာပြီဖြစ်တာကြောင့် ဒီတစ်ခါလျှောက်လည်လိုက်ရင် စိတ်ပေါ့ပါးသွားမှာပဲလို့ တွေးထားတာဖြစ်သည်။ ဒါပေမဲ့ အထင်နဲ့အမြင် ခြားနားစွာပဲ အပြင်မှာ နေတာကြာလာတဲ့အခါ အိမ်က ကောင်စုတ်လေးကို အရမ်းလွမ်းလာပါတော့သည်။

ဒါနဲ့ပဲ ခရီးစဉ်ကို မြန်မြန်အပြီးသတ်ကာ သူမဘာသာ ဘွတ်ကင်ပြောင်းတင်ပြီး သတ်မှတ်ရက်ထက် စောပြန်လာခဲ့လိုက်လေသည်။

အိမ်ပြန်ရောက်တာနဲ့ အထုပ်တွေတောင် မဖြည်ရသေးဘဲ ; "ပေါင်း~ မာမား ပြန်လာပြီ~"

Come To My Side (Myanmar Translation)Tempat cerita menjadi hidup. Temukan sekarang