Chapter-35

677 58 2
                                    

ယန်မင်ကျစ်နဲ့ ကွမ်းရှင်းဟောင်ဟာ သူငယ်ချင်းကောင်းတွေ ဖြစ်ကြတာကြောင့် ယန်မင်ကျစ်ဟာ ကွမ်းအိမ်နဲ့လည်း ရင်းရင်းနှီးနှီးရှိသည်။ အရင်ကလည်း ယန်မင်ကျစ်က ရယ်ရယ်နိုင်နိုင်းဆီ အလည်လာတာကို မကြာခဏတွေ့ဖူးတာကြောင့် ဒီတစ်ခေါက်တွေ့တော့လည်း ကွမ်းရှီးအနေနဲ့ တစ်ခုခုမူမမှန်တာကို သတိမထားမိချေ။

သူတို့နှစ်ယောက်အတူ အိမ်ထဲဝင်လာပြီးတဲ့နောက် ဧည့်ခန်းထဲမှာ သူမနဲ့ ရင်းရင်းနှီးနှီးရှိလှတဲ့ လူတစ်သိုက်ကို ကွမ်းရှီး မြင်လိုက်ရလေ၏; ရယ်ရယ်နိုင်နိုင်း၊ ပါပါးမာမား၊ ပြီးတော့ ကွမ်းယင်။

ဒီအနေအထားကြီးက "ရယ်ရယ်နိုင်နိုင်းက ကြားကနေ ဖျန်ဖြေပေးချင်တယ်" ဆိုတဲ့ သဘောကို ဖော်ဆောင်နေသလိုပင်။ သူမ စိတ်ရှုပ်သွားမိသည်၊ ရယ်ရယ်နိုင်နိုင်းက နေရာတကာဝင်ပါတယ်လို့ ထင်မိတာကြောင့် မဟုတ်ရပါဘဲ သူတို့ကြားက အဖုအထစ်ကြီးက ဘယ်လိုမှ ပြေလည်နိုင်စရာ မရှိတော့တာမှန်း သိနေတာကြောင့်အပြင် သူမအနေနဲ့ အိမ်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ နေနေနိုင်ပါသေးတယ်ဆိုပြီး ဆက်ဟန်မဆောင်နိုင်တော့တာကြောင့်သာ။

"မင်ကျစ်? မင်းကရော ဒီနေ့ ဘယ်လိုလုပ်ရောက်လာတာလဲ။" ရယ်ရယ်ကွမ်းဟုန်က ယန်မင်ကျစ်ကို တွေ့လိုက်ရတဲ့အခါ အနည်းငယ်အံ့အားသင့်သွားခဲ့ရသည်။

ကွမ်းရှင်းဟောင်ဟာ မတ်တတ်ထရပ်လိုက်ကာ; "ကျွန်တော် ခေါ်ထားတာပါ။"

အကုန်လုံးက နားမလည်နိုင်စွာနှင့် ကွမ်းရှင်းဟောင်ဘက် လှည့်ကြည့်လိုက်ကြသည်။ အိမ်တွင်းရေးကိစ္စ ဆွေးနွေးမယ်လို့ ပြောထားတာကို ဘာလို့ အပြင်လူကိုပါ ခေါ်ထားရတာလဲဆိုပြီးတော့ပေါ့။

ယန်မင်ကျစ်ဟာ ကွမ်းဟုန်နဲ့ ဆွေ့မင်ကျူးကို ခေါင်းညိတ်ပြလိုက်ပြီးနောက် ; "အန်ကယ်၊ အန်တီ။ ဒီနေ့ ကျွန်တော် လာရတာက အကုန်လုံးကို ပြောပြစရာတစ်ခုရှိလို့ပါ။"

ကွမ်းဟုန် ; "ဘာများလဲ။"

ယန်မင်ကျစ် ; "ကွမ်းရှီးနဲ့ ပတ်သက်တဲ့ကိစ္စပါ။ အန်ကယ်တို့လည်း သိပါတယ်၊ ကွမ်းရှီးက သူဟာ မွေးစားသမီးဖြစ်တာကြောင့်ဆိုပြီး အိမ်ပေါ်က ဆင်းလာတာကို။ အန်ကယ်တို့ ကွမ်းအုပ်စုကလည်း သူ့ကို နေရာမပေးတော့မဲ့ပုံပဲ။"  

Come To My Side (Myanmar Translation)Where stories live. Discover now