Chapter-52

673 67 1
                                    

《Our Homestay》က စီပွားရေးလုပ်ရတဲ့ ရသစုံရှိုးမျိုးဖြစ်သည်။ ပရိုဂရမ်အဖွဲ့က အနုပညာရှင်တွေကို ခေါ်ပြီး တည်းခိုခန်းအသစ်တစ်ခုကို လည်ပတ်ခိုင်းမှာ ဖြစ်ပြီး တစ်ချိန်တည်းမှာပဲ အပတ်တိုင်း တည်းခိုခန်းကို လာတည်းတဲ့ ဧည့်သည်ရှိမှာဖြစ်ပြီး နာမည်စာရင်းပေးပြီး လာတဲ့သူတွေရှိမှာဖြစ်သလို တချို့ဧည့်သည်တွေကျတော့...... ကွမ်းရှီးလိုမျိုး အဖိတ်ခံရလို့ လာတဲ့သူတွေလည်း ရှိမှာဖြစ်သည်။

ကွမ်းရှီးအနေနဲ့ ရသစုံရှိုးမှာ ပါဖို့ကို အစတုန်းက အရမ်းကြီးစိတ်ဝင်စားခဲ့တာမဟုတ်ပေမဲ့ နောက်တော့ ဝမ်းချင်းရဲ့ ဒီရှိုးက သူမအတွက် ဘယ်လိုအကျိုးရှိတယ်ဆိုတာတွေ၊ နောက်ပြီးတော့ သူမက နာမည်ကြီးမဟုတ်တဲ့အတွက်ကြောင့် ကင်မရာမှာလည်း အဲ့ဒီလောက်ပါမှာ မဟုတ်ပါဘူးဆိုတဲ့စကားတွေကြောင့် နည်းနည်းစိတ်ယိုင်လာတော့သည်။

သူမ သွားဖူးတဲ့နိုင်ငံတွေ၊ နေဖူးတဲ့နေရာတွေ၊ လုပ်ဖူးတဲ့ပရောဂျက်တွေဆိုတာလည်း ရေတောင်မရေတွက်နိုင်လောက်တဲ့အထိပင်။ ဒီတော့ တည်းခိုခန်းတစ်ခုရဲ့ ဝန်ဆောင်မှုကို ဝေဖန်ပေးပြီး သူတို့ဖျော်ဖြေရေးပရောဂျက်တွေကို အကြံပြုချက်ပေးဖို့ဆိုတာတွေက တကယ်ကိုလည်း သူမအလုပ်ဘောင်အတွင်းမှာ ရှိနေတဲ့အပြင် သူမအတွက် ဘယ်လောက်မှခက်တာမျိုးလည် မဟုတ်ပေ။

ဒါနဲ့ပဲ နောက်တော့ ကွမ်းရှီးလည်း ဒီကိစ္စကို သဘောတူဖြစ်သွားတော့သည်။ ဆုံးဖြတ်ပြီး ဒုတိယနေ့မှာ ဝမ်းချင်းတို့နဲ့ ဒီရှိုးအကြောင်း အသေးစိတ်ဆွေးနွေးဖို့အတွက် သူမ စတူဒီယိုကိုသွားလိုက်သည်။

"ကွမ်းရှီး လာပြီလား။" ကွမ်းရှီး ဝင်လာလာချင်းမှာပဲ ဧည့်ကြိုကောင်တာမှာ ထိုင်နေတဲ့တစ်ယောက်က လှမ်းနှုတ်ဆက်လာခဲ့သည်။

သူ့မျက်နှာအမူအရာက နည်းနည်းထူးဆန်းနေတာကြောင့် ကွမ်းရှီး သင်္ကာမကင်းဖြစ်သွားရကာ "ဘာဖြစ်လို့လဲ။"

"ဟိုလေ၊ နင် အခုမဝင်သေးပါနဲ့ဦးလား။ ရှောင်းရိုကျဲက အထဲမှာပဲ ရှိသေးတယ်......"

"ကျောက်ရှောင်းရို? သူ အထဲမှာရှိတာနဲ့ ငါက ဘာလို့ ဝင်လို့မရတော့တာလဲ။"

Come To My Side (Myanmar Translation)Where stories live. Discover now