Chapter-53

542 66 1
                                    

(Our Homestay) က စုစုပေါင်း အနုပညာရှင် ၈ ယောက် ဖိတ်ခေါ်ထားတာဖြစ်ကာ ကွမ်းရှီးနဲ့ အဆက်အဆံအများဆုံးသူတွေကတော့ ချန်ရှင်းယွဲ့နဲ့ ကျုံးထင်ထင်တို့ပင်။ သူတို့နှစ်ယောက်လုံးက ဝန်ဆောင်မှုပေးတဲ့နေရာမှာ တကယ်တော်ကြတဲ့သူတွေဖြစ်ကာ ဒုတိယနေ့မှာ သူမနဲ့အတူတောင် နေရာစုံလျှောက်လည်ပေးကြသေးသည်လေ။

ညဘက်ရောက်တဲ့အခါမှာတော့ တည်းခိုခန်းမှာ ရှိတဲ့သူတွေအကုန်စုပြီး ထမင်းစားဖြစ်ခဲ့သည်။

ဒီပရိုဂရမ်ရဲ့ အသွားအလာအရ အဲ့ဒီအချိန်ဆိုရင် ထမင်းစားပွဲက ဧည့်သည်တွေအကုန်လုံးက တည်းခိုခန်းနဲ့ ပတ်သက်တဲ့ မိမိအမြင်ကို ပြောပြပေးရမှာဖြစ်သည်။ ဒါပေမဲ့လည်း ဧည့်သည်တွေနဲ့ မျက်နှာချင်းဆိုင်ရတဲ့သူတွေက နာမည်ကြီးတွေ ဖြစ်နေတာကြောင့် ပြောတဲ့အခါမှာ အကုန်လုံးက အားနာပြီး အကောင်းတွေချည်းပဲ ပြောနေကြတော့သည်။

ကွမ်းရှီးကတော့ တာဝန်နဲ့ လာရတာဖြစ်တာကြောင့် သုံးလေးခွန်းလောက် ပြောပြီးတာနဲ့ ပြီးသွားတဲ့ သာမန်ဧည့်သည်တွေလို့တော့ လုပ်လို့ မရချေ။ အဲ့ဒီလိုလုပ်လိုက်တာက သူမ ပရော်ဖက်ရှင်နယ် မဆန်ဘူးဆိုတာကို မီးမောင်းထိုးပြသလို ဖြစ်နေလိမ့်မည်လေ။

ဒါ့ကြောင့် သူမအလှည့်ရောက်တဲ့အခါ အရင်ဆုံး ချန်ရှင်းယွဲ့နဲ့ ကျုံးထင်ထင်တို့ကို သူတို့ရဲ့ဂရုစိုက်ပေးမှုအတွက် ကျေးဇူးတင်စကားပြောလိုက်သည်။ ပြီးကာမှ တည်းခိုခန်းနဲ့ လျှောက်သွားစရာနေရာတွေအကြောင်းကို ဝေဖန်ချက်ပေးလိုက်သည်။ ဒီတည်းခိုခန်းက အသစ်ဖွင့်တာဖြစ်သလို အနုပညာရှင်တွေဆိုတာလည်း ဒီနယ်ပယ်နဲ့ ပတ်သက်ပြီး အတွေ့အကြုံ ရှိမှာမဟုတ်ပေ၊ လိုအပ်ချက်တွေ အများကြီးရှိနေတာကြောင့် "ဝေဖန်လေကန်ရေး"တွေကလည်း ခပ်များများဖြစ်သွားတော့သည်။

ဒီ့အပြင်ကို ကွမ်းရှီးက အရှိကို အရှိအတိုင်းပြောကာ နည်းနည်းလေးမှ လျှော့ပေါ့ပြောပေးတာမျိုး မရှိတာကြောင့် သူမ ပြောတာတွေ နားထောင်ပြီးတဲ့အခါ တည်းခိုခန်းကို ဦးစီးနေရတဲ့ နာမည်ကြီးတွေဟာ ကြောင်ကုန်ကြတော့သည်။

Come To My Side (Myanmar Translation)Where stories live. Discover now