Chapter-57

551 84 6
                                    

သုံးလေးပတ်လောက်အကြာမှာတော့ စီစဉ်ထားတဲ့အတိုင်းပဲ UTourရဲ့ Travel Festival ကျင်းပတဲ့အချိန် ရောက်လာပါတော့သည်။

ဒီနေ့ စင်နောက်ဘက်ဟာ အရမ်းကိုမှ စည်ကားနေပြီး နာမည်ကျော်ဘလော့ဂါတွေတင်သာမက အဖိတ်ကြားခံထားရတဲ့ ဖျော်ဖြေရေးအဖွဲ့တွေပါ ရောက်နေကြတာဖြစ်သည်။

စင်နောက်ဘက်က မိတ်ကပ်ပြင်တဲ့အခန်းတွေက ပုံမှန်အားဖြင့် လေးယောက်တစ်ခန်း စုသုံးရတာဖြစ်ပြီး ကွမ်းရှီးက ဝမ်းချင်းနဲ့ လက်ထောက်ရှောင်ခါတို့ကို ခေါ်ပြီး ဝင်လာတဲ့အခါမှာတော့ သူမနဲ့ မျှသုံးရတဲ့သူတွေထဲမှာ ရင်းနှီးတဲ့သူတစ်ယောက်ပါနေကာ အဲ့ဒီလူကတော့ ကျောက်ရှောင်းရိုပင် ဖြစ်လေ၏။

ကျန်နှစ်ယောက်ကိုတော့ အပြင်မှာ တစ်ခါမှ မတွေ့ဖူးသေးပေ။ သူတို့အကြောင်းကို ပြောပြပြီးတော့မှသာ ကွမ်းရှီးလည်း အင်တာနက်ပေါ်က နာမည်နဲ့ လူနဲ့ ဆက်စပ်မိသွားတော့သည်။ သူတို့အကုန်လုံးက အချင်းချင်း ဖော်လိုးထားတဲ့ ဖရန့်တွေ ဖြစ်နေသည်လေ။

"မင်္ဂလာပါ၊ မင်္ဂလာပါ၊ ငါက လီချန်လေ။ Weibo အိုင်ဒီကတော့ ရှောင်တန့်ကျွမ်။" လီချန်က ခေါင်းသေးသေးလေးနဲ့ တော်တော်လေး ချစ်စရာကောင်းတဲ့သူတစ်ယောက်ပင်။

ကွမ်းရှီးက သူနဲ့ လက်ဆွဲနှုတ်ဆက်လိုက်ကာ "ငါ သိတယ်။ နင့်ကို ဖော်လိုးထားတာ တော်တော်ကြာပြီ။ နောက်ဆုံးတော့ တွေ့ရပြီ။"

"ဟုတ်တယ်လို့။ ဒီနေ့က အင်တာနက်ပေါ်က သူငယ်ချင်းတွေ ဆုံကြတဲ့ ပွဲကြီးကျနေတာပဲလို့။" လီချန်က ဆက်ပြောလာသေးသည်၊ "ဝါး ကွမ်းရှီး။ နင်က ဓာတ်ပုံထဲမှာထက် အပြင်မှာက အများကြီးပိုလှတာပဲ။"

"ကျေးဇူးပါနော်။"

လီချန်က စိတ်ရင်းနဲ့ ချီးမွမ်းလိုက်တာဖြစ်သည်။ ပြောရမယ်ဆိုရင် ပုံတွေပြင်လွန်းလို့ ဖင်ချွန်းပြီး အဖေအမေကတောင် မမှတ်မိလောက်တော့တဲ့ ခေတ်မှာ လှပါချည်ရဲ့ဆိုပြီး နာမည်ကြီးတဲ့ ကျောက်ရှောင်းရိုတောင် တကယ့်အပြင်မှာနဲ့ ပုံထဲမှာက နည်းနည်းပါးပါးတော့ ကွာသေးတာပဲလေ။

ကွမ်းရှီးကို အပြင်မှာ တွေ့လိုက်ရတဲ့အခါ အင်တာနက်ပေါ်မှာထက် ပိုကြည့်ကောင်းနေလိမ့်မယ်လို့ သူ တကယ်ကို ထင်မထားခဲ့မိတာဖြစ်သည်။

Come To My Side (Myanmar Translation)Where stories live. Discover now