Chapter-25

621 53 0
                                    

မိနစ်၂၀လောက်အကြာမှာတော့ ဒရိုင်ဘာဟာ ကျားလင်ဥယျာဉ်ရဲ့ ကားပါကင်ထဲသို့ ကားလေးကို မောင်းဝင်လာလိုက်သည်။

ကျန်းဆွေကျိုးဟာ ဘာသံမှမထွက်ဘဲ ကွမ်းရှီးကို ကားပေါ်ကနေ ချပေးလိုက်သည်။ သူမ ဒယိမ်းဒယိုင်နဲ့ မတ်မတ်တောင် မရပ်နိုင်ဖြစ်နေတာကို တွေ့တဲ့အခါမှာတော့ သူမကို ကျောပိုးပေးလိုက်ပါတော့သည်။

ဒါပေမဲ့ ကွမ်းရှီးဟာတော့ သူ့ကျောပေါ်ရောက်လည်း အငြိမ်မနေချေ။ ဓာတ်လှေကားဆီသွားတဲ့ တစ်လျှောက်လုံးမှာ သူ့မျက်နှာကို ဟိုပွတ်ဒီပွတ် လုပ်နေလေ၏။

"ဘာလုပ်နေတာလဲကွာ။" သောင်းကျန်းလွန်းတဲ့ ကွမ်းရှီးကြောင့် ကျန်းဆွေကျိုး စိတ်တိုလာတော့သည်။

ကွမ်းရှီးက ပွစိပွစိနဲ့ ရေရွတ်လိုက်ပြီးနောက် ပုံမှန်ဆို ကျန်းဆွေကျိုးလုပ်လေ့ရှိတဲ့ပုံကို အတုခိုးပြီး သူ့ပါးကို ညှစ်ပြီး ခေါင်းကို သူမဘက်လှည့်စေလိုက်ကာ အတင်းနမ်းပစ်လိုက်သည်။

ကျန်းဆွေကျိုးမှာ သူမကို ကျောပိုးထားတုန်းဖြစ်တာကြောင့် လက်က လွှတ်လို့မရသေးပေ။ ဒါ့ကြောင့် ခဏရပ်ကာ သူမ တစ်တိတိကိုက်နေတာကို ခွင့်ပြုထားလိုက်ရုံသာ တတ်နိုင်လေ၏။

ဆယ်စက္ကန့် ဆယ့်ငါးစက္ကန့်လောက်အကြာမှာတော့ ကွမ်းရှီး နှုတ်ခမ်းနီမှာ အကုန်လုံးနီးပါး ပျက်နေလေပြီ။

အဲ့ဒီတော့မှပဲ သူမလေးက ရပ်သွားကာ သူ့ကျောကိုမှီပြီး အသံတိုးတိုးလေးနှင့် ပြောလာခဲ့သည်။ "နင်ကျ ခုနတုန်းက ဘာလုပ်တာလဲ။ အဲ့ဒီလောက်လူတွေအများကြီး ကြည့်နေတာကို အနမ်းပေးကြေးဆော့သေးတယ်။ အခုလိုအချိန်မှာ နင့်ကို ပြန်နမ်းတာလေ၊ မရဘူးလား။"

ကျန်းဆွေကျိုးအသံက အနည်းငယ်အက်ကွဲနေကာ "ရှက်နေတုန်းလား။"

"အဲ့ဒီလိုလည်း မဟုတ်ပါဘူး။ ဒီတိုင်း......"

"ဘာဖြစ်တာလဲ။"

ကွမ်းရှီးသည် အောက်နှုတ်ခမ်းကို ကိုက်လိုက်ပြီး သူ့လည်ပင်းကို ဖက်လိုက်ကာ "ဒီတိုင်း၊ နင် အဲ့လိုလုပ်တာက ငါ့ရဲ့ ထိန်းချုပ်နိုင်စွမ်းကို စမ်းသပ်နေသလိုပဲ။ သူများတွေသာ ရှိမနေကြည့်ပါလား၊ ငါ နင့်ကို ဆိုဖာပေါ် တွန်းချပြီးနေလောက်ပြီ သိလား~"

Come To My Side (Myanmar Translation)Where stories live. Discover now