Chapter-16

578 68 0
                                    



အယောက်သုံးလေးဆယ်လောက်ပါဝင်သည့် အရက်ဘားပါတီက အတော်လေးစည်ကားပါသည်။ လက်ရာမြောက်လှသည့် ကျောက်ဂူပုံစံနှင့် ပနံသင့်စွာ ပေါင်းစပ်သွားသည့် နေရာပေါင်းစုံက မီးရောင်စုံတွေဟာ တမူထူးခြားပြီး ခမ်းနားကြီးကျယ်သည့် ပတ်ဝန်းကျင်တစ်ခုဆီကို ဖန်တီးပေးလိုက်သလိုပင်။

ကွမ်းရှီး လန်နင်းယီးဘေးနားမှာ ဝင်ထိုင်လိုက်ပြီး သူမနှင့် ဝေ့ရှိုးယန်တို့ အလောင်းအစားတစ်ခုနှင့်ပတ်သက်ပြီး ငြင်းခုံနေကြတာကို ကြည့်နေခဲ့မိသည်။

ဘေးပတ်ပတ်လည်က ရယ်မောသံ၊ သီချင်းသံတွေနှင့်အတူ ဆူညံနေခဲ့သည်...... ဒါပေမဲ့လည်း သူမ ဦးနှောက်တစ်ခုလုံးကတော့ ဗလာကျင်းနေခဲ့ပြီး နှလုံးခုန်သံတွေကလည်း ပုံမှန်ထက်ကို မြန်နေခဲ့လေ၏။

နင်တို့က အတူတူနဲ့ အနူနူတွေပဲ။

အချင်းချင်း တန်ဖိုးထားကြမှာပေါ့။

  

ဝေ့ဇစ်ဟန် ဘာတွေသိသွားတာလဲ။

မဖြစ်နိုင်ပါဘူး။

သူမကိုက သံသယလွန်ကဲနေတာပဲ ဖြစ်လောက်ပါသည်။ ဝေ့ဇစ်ဟန်က ငယ်ငယ်လေးကတည်းက သူမကို အမြင်မကြည်ခဲ့တာပဲ။ ဒီလိုစကားနာထိုးတာမျိုးက မထူးဆန်းတော့ချေ။

"ကွမ်းရှီး၊ ကွမ်းရှီး? ဟဲ့ ဟဲ့၊ ဘာတွေတွေးနေတာလဲ။ ဟိုတစ်ယောက် လာပြီ။"  လန်နင်ယီး သူမလက်ဖမိုးကို ပုတ်ပြီး ပြောလာခဲ့သည်။

သူမ ကြည့်တဲ့နောက် လိုက်ကြည့်လိုက်တဲ့အခါမှာတော့ အရင်က အလုပ်များလွန်းလို့ မလာနိုင်လောက်ပါဘူးဆိုတဲ့ ကျန်းဆွေကျိုး ရောက်လာတာကို တွေ့လိုက်ရသည်။ သူက စုန့်လီနှင့်အတူ ရောက်လာခြင်းပင်။

နှစ်ယောက်သား ဘာတွေပြောနေလဲ မသိသော်လည်း ယခုအချိန်မှာ စုန့်လီက လူအမြင်ကတ်စရာကောင်တဲ့ရုပ်နဲ့ ကျန်းဆွေကျိုးပခုံးပေါ် လက်တင်ထားပြီး ကျန်းဆွေကျိုးကတော့ နည်းနည်းပြုံးယောင်သန်းနေပြီး လက်နှစ်ဖက်ကို ဘောင်းဘီအိတ်ထဲထည့်ထားကာ နေရာမှာတင် ရပ်နေခဲ့သည်။

ဒီဘက်ကလူတွေ သူ့အကြောင်းပြောနေတာကို ခံစားမိသွားသလိုနဲ့ ကျန်းဆွေကျိုးက ရုတ်တရက် သူမတို့ဘက်ကို ကြည့်လာခဲ့သည်။

Come To My Side (Myanmar Translation)Where stories live. Discover now