Chapter-29

531 57 1
                                    

ငယ်ငယ်ကတည်းက ပိုးမွေးသလို ဂရုတစိုက် အမွေးခံထားရတဲ့ ကွမ်းရှီးအတွက် တစ်သက်နဲ့တစ်ကိုယ် ဒီလိုအခြေအနေမျိုး တစ်ခါမှ မကြုံဖူးခဲ့ပေ။ တောကြီးမျက်မည်းထဲမှာမှ မိုးတွေကလည်း ရွာနေတော့ ရွှံ့တွေထူနေပြန်သည်။ အဲ့ဒီအပြင် တစ်ကိုယ်လုံးမှာလည်း ဒဏ်ရာဒဏ်ချက်တွေနှင့်......

"နင် တစ်ခုခုဖြစ်သွားသေးလား။" ကွမ်းရှီးဟာ ကျန်းဆွေကျိုးလည်ပင်းကို တင်းကြပ်နေအောင် ဖက်ထားခဲ့ပြီး သူမငိုသံတွေဟာလည်း မိုးသံတွေနဲ့ ရောနှောနေခဲ့လေ၏။

"ကိုယ့်ကို အဲ့ဒီနာမည်ကြီး မခေါ်နဲ့...... ကိုယ် ဘာမှမဖြစ်ဘူး။"

သူ့စကားရှေ့ပိုင်းကို ကွမ်းရှီး အရေးမစိုက်အားဘဲ "ငါ့ကို လန့်ပြီးသေအောင် လုပ်နေတာလား။ နင် ဒီမှာတင် ကိစ္စတုံးသွားပြီ ထင်နေတာ။"

ကျန်းဆွေကျိုး အသက်ရှူသံတွေဟာလည်း ယောက်ယက်ခတ်နေခဲ့ပြီး "မင်း ဘယ်လိုလုပ်ဆင်းလာတာလဲ။"

ကွမ်းရှီး "ငါတစ်ယောက်တည်း စောင့်ရမှာလည်း ကြောက်တယ်လေ။ နောက်ပြီး နင် အောက်မှာ ဘာတွေဖြစ်နေလဲဆိုတာ လာကြည့်ရမှာဥစ္စာကို။"

ကျန်းဆွေကျိုး မျက်မှောင်ကြုတ်သွားကာ "အခုမှတော့ ဒီမှာပဲ ဆက်စောင့်တာပေါ့။ သွား၊ ဟိုနားလေးမှာ မိုးသွားခိုချည်။"

ကွမ်းရှီး သူ့ကို လွှတ်ပေးလိုက်ပြီး သူသွားခိုင်းတဲ့ဘက်ကို လှမ်းကြည့်လိုက်တဲ့အခါ မနီးမဝေးမှာ ကျောက်ဂူလို မိုးခိုစရာနေရာသေးသေးလေးကို တွေ့လိုက်ရသည်။ ကွမ်းရှီးလည်း ခေါင်းလေးတညိတ်ညိတ်နှင့် မြေကြီးပေါ်က ထသွားတော့လေသည်။

"သူ သူက သေသွားပြီလား။" ကွမ်းရှီးက မေးလိုက်သည်။

ကျန်းဆွေကျိုး မတ်တတ်ထရပ်လိုက်သည့်အခါ သူ့ပုံစံက ဒဏ်ရာရပြီး နာနေသလိုပင်။

ကွမ်းရှီး ချက်ချင်းပဲ မေးလိုက်သည်။ "နင် ဘာဖြစ်တာလဲ။"

"ဘာမှမဖြစ်ဘူး။ အဲ့ဒီကို သွား။" ကျန်းဆွေကျိုးဟာ သူမကို ဟိုဂူသေးသေးလေးရှိရာကို ဆွဲခေါ်သွားရင်း "သူ မသေပါဘူး။"

ကွမ်းရှီးဟာ ချက်ချင်းပဲ သတိကြီးကြီးထားသွားပုံပေါ်ကာ "ဒါဆိုမြန်မြန်၊ ငါ ကျောက်တုံးသွားရှာလိုက်မယ်! သူ့ကို ထုသတ်လိုက်မယ်?" ကျန်းဆွေကျိုး တုံ့သွားကာ "သူ့အသက်ယူရလောက်တဲ့ထိတော့ မလိုပါဘူး။ သူ ဒဏ်ရာရသွားတာ တော်တော်လေးပြင်းတယ်။ ကိုယ်တို့အတွက် အန္တရာယ်မရှိပါဘူး။"

Come To My Side (Myanmar Translation)Where stories live. Discover now