Chapter-42

769 63 4
                                    

ဟင်းချက်တယ်ဆိုတာ တချို့လူတွေအတွက် ဝါသနာဖြစ်နိုင်သလို တချို့အတွက်ကျတော့လည်း ဘဝမှာ မဖြစ်မနေသင်ယူထားရမဲ့အရာမျိုး ဖြစ်နေနိုင်ပါသည်။

ဒါပေမဲ့ နေ့စဉ်ထမင်းဟင်းချက်ပေးမဲ့သူတွေ ရှိနေပြီး ချက်တာပြုတ်တာကို စိတ်လည်းမ ဝင်စားတဲ့ ကျန်းဆွေကျိုးနဲ့ ကွမ်းရှီးတို့လို သူတွေအတွက်တော့ မီးဖိုချောင်ဆိုတာ တားမြစ်နယ်မြေသာ။ အရင်တစ်ခါ ကွမ်းရှီလက်ရာ တစ်လုပ်စားတာနဲ့ အန်ထွက်စေနိုင်တဲ့ အမဲသားအာလူးဟင်းက သက်သေပင်။

နောက်ပြီး သူမနဲ့ ကျန်းဆွေကျိုးဆိုတာ ဒီအပိုင်းမှာတော့ အတူတူနဲ့ အနူနူပဲလို့ သတ်မှတ် ထားတဲ့ ကွမ်းရှီးအနေနဲ့ ကျန်းဆွေကျိုးက မီးဖိုချောင်ထဲကို ခြေချလိမ့်မယ်လို့ တကယ်ကို ထင်မထားခဲ့မိပါချေ။

"ငါက စနေတာနော်။ တကယ်မစားတော့ဘူး။" ကွမ်းရှီးဟာ မီးဖိုချောင်အဝမှာ ရင်တမမနဲ့ ရပ်နေရင်း "နင်ယီးမီးဖိုချောင်ကိုတော့ မီးတင် မရှို့မိစေနဲ့နော်။"

ကျန်းဆွေကျိုးက ဘာမှပြန်မပြောဘဲ ရေခဲသေတ္တာကို ဖွင့်ကာ အထဲမှာ ချက်စရာ ဘာများရှိမလဲဆိုတာကို တစ်ချက်ကြည့်လိုက် သည်။

ကွမ်းရှီး "နင် ဟင်းချက်တာ ငါ တစ်ခါမှ မတွေ့ဖူးဘူး။"

ကျန်းဆွေကျိုးက နောက်လှည့်ပြီး သူမကို တစ်ချက်ကြည့်ကာ "မင်းကို အဆိပ်သင့်ပြီး သေတာမျိုး မဖြစ်စေရပါဘူး။ ရေသွားချိုးချေ။"

ကွမ်းရှီး ; "......အိုး။"

ကျန်းဆွေကျိုးပုံစံက ချက်ကို ချက်ရမှဆိုတဲ့ပုံမျိုးဖြစ်နေတာကြောင့် ကွမ်းရှီးလည်း ဆက်တားမနေတော့ဘဲ အခန်းဆီ မြန်မြန်သွားပြီး ရေချိုးကာ သက်သောင့်သက်သာရှိတဲ့အဝတ်မျိုး လဲပြီး ထွက်လာလိုက်သည်။

ကျန်းဆွေကျိုးဟာတော့ မီးဖိုချောင်ထဲမှာပဲ ရှိသေးကာ သူ့ကျောဘက်ပုံရိပ်ဟာတော့ တည်တည်ငြိမ်ငြိမ်ရှိသည်ဟု သတ်မှတ်နိုင်သေးသည်။

ကွမ်းရှီး သူ့နောက်နားလေးမှာ သွားရပ်ကာ အိုးထဲကို လှမ်းကြည့်လိုက်ပြီး "အမဲသားစတိတ် လား။"

Come To My Side (Myanmar Translation)Kde žijí příběhy. Začni objevovat