Extra-1

725 84 2
                                    

အထက်တန်းကျောင်းသားဘဝ-၁

ကွမ်းရှီးရဲ့ ဘယ်အသက်အရွယ်အပိုင်းအခြားမှာမဆို သူမကို လိုက်ပိုးပန်းတဲ့သူတွေကတော့ ရှိခဲ့စမြဲဖြစ်ပြီး အထက်တန်းကျောင်းသူဘဝမှာလည်း အလားတူပင်။

အထက်တန်းပထမနှစ် တက်ခါစမှာပဲ သူမရဲ့ အလှကြောင့် အွန်လိုင်းဖိုရမ်ရဲ့ ရှေ့ဆုံးစာမျက်နှာမှာ ဖော်ပြခံရခဲ့သည်။ အဲ့ဒီမှာ တစ်လလုံး ထိပ်ဆုံးမှာပဲ ရှိနေပြီး လုံးဝကို အောက်ကျမသွားခဲ့တာဖြစ်သည်။ ဖွင့်ပြောစကားတွေ ရေးတဲ့ နံရံမှာဆိုရင် အပေါ်ရောက်လိုက် အောက်ရောက်လိုက်ဖြစ်နေသလို စာသင်ခန်းရှေ့မှာဆိုလည်း နေ့တိုင်းလာပတ်တဲ့သူတွေဆိုတာ နေ့တိုင်းကို ရှိနေတော့တာပင်။

အဲ့ဒီတုန်းက သူမကို အတင်းလိုက်နေတဲ့ယောကျ်ားလေးတွေဆိုတာ တကယ်ကို အဆုံးမရှိတာဖြစ်သည်။ ဒါပေမဲ့ ဒီလိုရည်းစားစာလိုက်ပေးခံရတဲ့အခြေအနေက နှစ်လလောက်အကြာမှာတော့ အဆုံးသတ်ကို ရောက်ရှိလာပါတော့သည်။

အဓိကအကြောင်းရင်းကတော့ ; ကွမ်းရှီးနဲ့ ကျန်းဆွေကျိုး တွဲနေပြီဆိုပြီး တစ်စုံတစ်ယောက်က သတင်းလွှင့်လိုက်တာကြောင့်ပင်။

ဒီသတင်း ထွက်လာတာနဲ့ လူအတော်များများက တိတ်တိတ်လေး ခိုးပြီး ကြေကွဲကြရပါတော့သည်။

မိန်းကလေးတွေကတော့ အငြှိုးကြီးတာကြောင့် ကွမ်းရှီးကို နောက်ကွယ်ကနေ နှိပ်ကွပ်တတ်ကြသည်။ ဒါပေါ့၊ အဲ့ဒါကလည်း နောက်ကွယ်ကနေပဲ ခိုးလုပ်ရဲတာသာဖြစ်ပြီး ကွမ်းရှီးနဲ့ ထိပ်တိုက်တွေ့ရင်တော့ မကောင်းတဲ့စကား တစ်ခွန်းတစ်လေမှ ပြောရဲကြတာ မဟုတ်ပေ။

ယောကျ်ားလေးတွေဆိုရင် ပိုပြီးတော့တောင် ထိန်းထိန်းသိမ်းသိမ်း ရှိသေးသည်။ ဒီလိုလူချမ်းသာသားသမီးတွေပဲ တက်တဲ့ကျောင်းက ကလေးတွေအကုန်လုံးရဲ့ စိတ်ထဲမှာ အဆင့်တွေဘာတွေဆိုတာ ရှင်းရှင်းလင်းလင်း သိထားပြီးသားပင်။ ကျန်းဆွေကျိုးလို ဒီအသိုင်းအဝိုင်းရဲ့ ထိပ်ဆုံးအဆင့်က လူတစ်ယောက်ဆီကနေ ဘယ်သူက လုရဲမှာတဲ့လဲ။

အဲ့ဒီတော့ အကုန်လုံးက မယုံကြည်နိုင်စွာနဲ့ပဲ ပေါ်တင်ဖြစ်ဖြစ်၊ နောက်ကွယ်ကနေဖြစ်ဖြစ် စောင့်ကြည့်ရုံသာ ရှိတော့လေ၏။

Come To My Side (Myanmar Translation)Where stories live. Discover now