Chapter-6

656 64 0
                                    


လွန်ခဲ့သောတစ်လလောက်ကသာ ကွမ်းရှီးကို သူမမှာ 'အိမ်ရှိပေမဲ့မပြန်ရဲတဲ့နေ့' ဒါမှမဟုတ် 'ပြန်စရာအိမ်မရှိတဲ့နေ့'ဆိုပြီိး ရှိလာလိမ့်မယ် လို့ တစ်ယောက်ယောက်က လာပြောခဲ့ရင် အဲ့ဒီလူကို ကောင်းကောင်းကြီးဆုံးမပေးမိမှာပင်။

ဒါပေမဲ့ အခုတော့ အချိန်အတော်ကြာ ကားကို ဟိုမောင်းဒီမောင်းလုပ်ပြီးတာတောင်မှ အိမ်ကိုတော့ လှည့်ကိုမလှည့်ရဲတဲ့ဘဝကို ရောက်နေခဲ့ရလေပြီ။

တစ်နာရီလောက် လျှောက်မောင်းပြီးတဲ့နောက် မှာတော့ သူမ သွားနေကျ ဘားဆီ သွားလိုက် ပြီး ဘားတန်ဒါကို အရက်စပ်ခိုင်းလေ​၏။

"မလာတာကြာပြီနော်။" ဘားတန်ဒါဟာ သူမကို မှတ်မိနေခဲ့သည်။ အကြောင်းမှာ သူမနှင့် လာလေ့ရှိသော သူငယ်ချင်းအုပ်စုလိုက်သည် ပိုက်ဆံအများကြီး သုံးသွားလေ့ရှိသည်ဆိုတာထက် ကွမ်းရှီးဟာ တစ်ခါမြင်ပြီးသည်နှင့် စိတ်ထဲမှာ စွဲထင်ကျန်ရစ်နေစေသည့် အလှမျိုးဖြစ်သောကြောင့်ဆိုလျှင် ပိုမှန်လိမ့်မည်။

ကွမ်းရှီးဟာ လက်တစ်ဖက်နှင့် မေးထောက်  လိုက်ကာ "ဟုတ်လောက်မယ်။"

"ဒီနေ့ ဘယ်လိုလုပ် တစ်ယောက်တည်း ပေါက် ချလာတာလဲ။ သူငယ်ချင်းတွေရော။"

ကွမ်းရှီး အရက်စင်ကို ငေးကြည့်ရင်း တွေးမိလိုက်သည်။ သူငယ်ချင်းလား။ သူငယ်ချင်းတွေကို သူမ ခေါ်လို့ရပါသည်။ ကျုံးလင်ဖန်းပဲဖြစ်ဖြစ်၊ လန်နင်ယီးဖြစ်ဖြစ်... သူမ ခေါ်လိုက် လျှင် သေချာပေါက်လာပြီး အဖော်လုပ်ပေး မည့်သူများသာ။

သို့သော်လည်း မာနမင်းသမီးလေးကွမ်းရှီး အတွက် ဒီအချိန်မှာ သူမ တစ်ယောက်တည်းဖြစ်နေရသည့်အကြောင်းရင်းကို ဘယ်လိုမှ ပြောထွက်မည်မဟုတ်ချေ။

"ဒီနေ့ စိတ်ရှုပ်လို့။ တစ်ယောက်တည်း သောက်ချင်လို့။"  ကွမ်းရှီးဟာ စားပွဲကို ခေါက် လိုက်ပြီး မျက်ခုံးတစ်ချက်ပင့်ပြလိုက်ကာ "ဘာလဲ။ မရလို့လား။"

သူမရဲ့ အဲ့ဒီမျက်ဝန်းတစ်စုံနဲ့ အကြည့်ခံလိုက် ရသော ဘားတန်ဒါခမျာ ခြေလှမ်းတွေပါ မှားကုန်ရကာ ထိုသူက ပြုံးပြလိုက်ပြီး "ရတာပေါ့။ မရစရာကို မရှိဘူး။ ဒါပေမဲ့လည်း ဂရုတော့   စိုက်၊ အများကြီး မသောက်မိစေနဲ့။"

Come To My Side (Myanmar Translation)Where stories live. Discover now