Chapter-28

561 56 0
                                    

ကွမ်းရှီးဟာ အဲ့ဒီမြွေတွေ၊ အင်းဆက်တွေကို အကြောက်ဆုံးဖြစ်သည်။ အထူးသဖြင့် တွန့်လိမ်တွန့်လိမ်သွားတဲ့အကောင်တွေပင်။ တီဗီပေါ်မှာ မြင်လိုက်ရရင်တောင် အတင်းအော်ပြီး တစ်မီတာလောက်ထိဝေးအောင် ထွက်ပြေးမိသည့်အထိပင်။

အခု ဒီမြက်တွေကြားမှာ လျှောက်နေရတဲ့အခါ အောက်မှာ ဘာတွေရှိနေမှန်းလဲမသိ၊ သူမ တစ်ကိုယ်လုံးယားစိယားစိဖြစ်နေသလို ခံစားနေရတော့သည်။ "မသွားတော့လို့ မရဘူးလား?! ရှင် ပိုက်ဆံလိုချင်တာဆို ကျွန်မမိသားစုဆီကို မြန်မြန်ဖုန်းဆက်လေ။"

အနက်ရောင်ဝတ်စုံနဲ့လူဟာ သူမလက်ကောက်ဝတ်ကို ချည်ထားတဲ့ကြိုးကို ဆွဲကာ "ရှေ့မှာ သစ်သားအိမ်တစ်လုံးရှိတယ်။ သိပ်မဝေးဘူး။ အဲ့ဒီကို သွား။"

"...... သိပ်မဝေးဘူးဆိုတာ ဘယ်လောက်ဝေးတာလဲ။ ကျွန်မ မသွားနိုင်တော့ဘူးလို့။"

အနက်ဝတ်နဲ့လူဟာ နှာတစ်ချက်မှုတ်လိုက်ကာ စိတ်မရှည်စွာနဲ့ ပြောလာခဲ့သည်။  "မင်း ဘာလို့ အဲ့ဒီလောက် စိတ်ရှုပ်စရာကောင်းရတာလဲ ဟမ်!"

"အဲ့ဒါတော့ ကျွန်မလည်း မတတ်နိုင်ဘူးလေရှင်!" ကွမ်းရှီးဟာ နေရာမှာတင် ပေတေပြီးရပ်နေကာ ဒေါသတကြီးနှင့် ပြောလိုက်သည်။ "ဒါ ဘယ်လိုနေရာကြီးလဲ။ ကျွန်မ ခြေချင်းဝတ်က မြက်ပင်တွေနဲ့ ရှနေတာ နာလိုက်တာကိုပဲ။"

သူမ ဒီနေ့ဝတ်ထားတဲ့ ဂျင်းဘောင်းဘီက ခြေချင်းဝတ်အပေါ်လေးထိပဲ ရှည်တဲ့ဟာမျိုးဖြစ်တာကြောင့် သူမ အသားဖြူဖြူနုနုလေးတွေက အခုတော်တော်လေး ခံရခက်နေပြီဖြစ်သည်။

ကွမ်းရှီး "အစ်ကိုကြီး၊ ရှင် ဟိုဒီဝေ့မနေဘဲ ကျွန်မတို့ လုပ်စရာရှိတာ တန်းလုပ်လိုက်လို့ မရဘူးလား။ ရှင်စိတ်ချ၊ ရှင် ပိုက်ဆံယူပြီးသွားရင်လည်း ကျွန်မ ရှင့်ကို အမှုမဖွင့်ဘူး။ နောက်ပြီး ရှင် ဘယ်လိုပုံရှိလဲဆိုတာ ကျွန်မမှမမြင်ရတာ။ နောက်ပိုင်းကျရင် ရှင့်အတွက် ဘာအန္တရာယ်မှ ရှိမလာနိုင်ပါဘူး။"

အနက်ဝတ်နဲ့လူဟာ သူမကို ရွဲ့ပြုံးပြုံးလိုက်ကာ "ကျစ်ကျစ်ကျစ်ကျစ်၊ မင်းက တကယ်ကို မကောင်းတဲ့ဟာမပဲ။"

Come To My Side (Myanmar Translation)حيث تعيش القصص. اكتشف الآن