Chapter-60

608 84 3
                                    

အခန်းထဲမှာ အဲကွန်းကို အေးနေအောင် ဖွင့်ထားတာဖြစ်တာကြောင့် ကွမ်းရှီးက စောင်ကို ပြန်ဆွဲယူလိုက်ကာ သူ့ကို "လက်မလွှတ်နိုင်"တဲ့ မျက်ဝန်းလေးတွေနဲ့ ကြည့်လိုက်သည်။

"ဒါဆိုရင်တော့ ဒီနေ့ အခန်းခွဲအိပ်ရတော့မှာပဲနော်၊ ကောင်းသောညပါ။"

တကယ်လည်း သက်သေပြစရာ မှတ်ပုံတင် လက်ဝယ်ရှိမနေတဲ့ ကျန်းဆွေကျိုးတစ်ယောက်ဟာ သူမကို ငုံ့ကြည့်နေခဲ့ပြီး အတော်ကြာကြာ အသံတိတ်နေပြီးကာမှ ပြောလာခဲ့သည်; "နောက်နှစ်လနေရင် မှတ်ပုံတင်သွားလုပ်ကြတာပေါ့။"

"အာ?" ကွမ်းရှီး အံ့ဩသွားတော့သည်။ သူမ ပြီးစလွယ်ပြောလိုက်တဲ့ သက်သေပြစရာ မရှိဘူးဆိုတဲ့ စကားတစ်ခွန်းက သူများကို လက်ထပ်ဖို့ ဖိအားပေးသလို ဖြစ်သွားလိမ့်မယ်လို့ ထင်မထားမိခဲ့ချေ။

ကျန်းဆွေကျိုး ; "ဒီနှစ်လအတွင်း လုပ်စရာလေးတွေ ရှိသေးတယ်။ လုပ်စရာရှိတာ လုပ်ပြီးသွားရင် ကိုယ်တို့ လက်ထပ်ကြတာပေါ့။"

ကွမ်းရှီးက သူ့ကို ကြောင်ကြောင်ကြီး ကြည့်နေပြီး ; "ရုတ်တရက်ကြီး?"

"မင်းက လက်မထပ်ချင်ဘူးလား။"

အဲ့လိုတော့လည်း ...... မဟုတ်ပါဘူး။

ကွမ်းရှီး ; "အဲ့ဒီလောက်ကြီး ရုတ်တရက်နိုင်လိမ့်မယ်လို့ ထင်မထားမိလို့ပါ။ နင်က ငါ့ကို လက်ထပ်ခွင့်တောင် မတောင်းရသေးဘဲကို!"

ကျန်းဆွေကျိုးက သူမစောင်ကို ထပ်ဆွဲလိုက်ကာ တစ်ခါတည်း အထဲဝင်လှဲလိုက်ပြီး ; "အခု လက်ထပ်ခွင့်တောင်းနေတာပဲလေ။"

ကွမ်းရှီး ချက်ချင်းပဲ လှမ်းကန်လိုက်ကာ ; "ကျန်းဆွေကျိုး နင် ဒီလောက်ကြီး ဖြစ်ကတတ်ဆန်းလုပ်လို့ကတော့နော်၊ နင်ယုံလား၊ ငါထွက်ပြေးမှာနော်။ ငါ့ကို လက်ထပ်ချင်တဲ့သူတွေများ တန်းစီလိုက်ရင် အဆုံးတောင် မြင်ရတာမဟုတ်ဘူး!"

"မမြင်ရပြန်ဘူးလား။" ကျန်းဆွေကျိုး အသာရယ်လိုက်ကာ သူမကို လှမ်းဖက်လိုက်ပြီး . "ကောင်းပြီလေ၊ ဒါဆို ကိုယ် လေးလေးနက်နက်ဖြစ်သွားအောင် လီမြစ်ကမ်းဘေးကို သွားပြီး မီးရောင်စုံပြပွဲ စီစဉ်လိုက်မယ်။"

Come To My Side (Myanmar Translation)Where stories live. Discover now