Chapter-4

709 77 0
                                    

4
ကွမ်းရှီးအနေနဲ့ ချစ်တယ်ဆိုပြီး ပြီးပြီးရော မပြောဖူးတာတော့ မဟုတ်ချေ။ ပထမဆုံးအကြိမ်အနေနဲ့ သူမတို့ကုမ္ပဏီ​၏ ခရီးသွားပရောဂျက်ကို ကျန်းဆွေကျိုးရဲ့ လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်သော 'Utour Travel'ရဲ့ ပင်မစာမျက်နှာမှာ အကြီးအကျယ် ကြော်ငြာပေးဖို့လိုတုန်းက တစ်ခါပြောဖူးသည်။

နောက် သူမအကြိုက်ဆုံးဘရန်းက super limited-edition ထုတ်ကုန်တစ်ခု ထုတ်တဲ့အတွက် သူ့ကို အဲ့ဒီဘရန်းဘက်ကလူတွေဆီ ဆက်သွယ်ခိုင်းတုန်းက ဒုတိယတစ်ခါပြောဖူးသည်။ ဒါပေါ့၊ အဓိကအချက်ကတော့ သူ့ပိုက်ဆံနဲ့ ဝယ်ပေးခိုင်းဖို့ပေါ့။

တတိယတစ်ကြိမ်က သူမ အရက်မူးပြီး သူ့ကို လက်သည်းတွေကို လက်သည်းနီ အတင်းဆိုးပေးဖို့ ပူဆာတုန်းကဖြစ်သည်။

စတုတ္ထအကြိမ်မှာတော့ သူမ လိုချင်တဲ့ကားကို သူမအဖေက အန္တရာယ်များ တယ်လို့ထင်တာကြောင့် ဝယ်မပေးတုန်းက ဖြစ်လေ​၏။ နောက် ပဉ္စမအကြိမ်ကျတော့... ဘာပဲဖြစ်ဖြစ် ပြောချင်တာကတော့ သူမ အကြိမ်အများကြီး ဒီလိုလုပ်ခဲ့ဖူးပါသည်။ သူမ စိတ်ကြည်နေရင် ဒါမှမဟုတ် လိုချင်တာ တစ်ခုခုရှိပြီဆိုရင် သူ့ကို ချွဲပြီး ချစ်တယ်လို့ ပြောတတ်သည်လေ။

ဒါပေမဲ့ အမြဲတမ်းအပြောပဲရှိပြီး အလုပ်မပါခဲ့ချေ။ အခုလို ကြိုးကြိုးစားစားလုပ်တာ ဒီနေ့က ပထမဆုံးပင်။

ကျန်းဆွေကျိုးမှာတော့ သူ့ရှေ့ကအရာတွေကိုကြည့်ကာ ကွမ်းရှီး ဒီလိုချွဲပြီး လိမ္မာချင်ယောင်ဆောင်ပြ၊ လိုချင်တာရပြီဆိုတာနဲ့ သူ့ကို ဂရုမစိုက်တော့ဘဲ ပစ်ထားတတ်တာထက် သူမ ပုံမှန်အတိုင်း နေတာကမှ တော်သေးတယ်ဟု ထင်မိသည်။

ဘာလို့လဲဆိုတော့ ဒီလိုလုပ်နေတာတွေကို မြင်ရတာ တကယ်ကိုပဲ သူ့မျက်လုံးတွေ အောင့်လာသလို ခံစားရလေ​၏။

"ဘာအကန့်အသတ်ထုတ်အိတ်လဲ။ ဘာတွေပြောနေတာလဲ။ ပေါင်ပေ့က လည်း နည်းနည်းလက်တွေ့ကျတာလေး ပြောစမ်းပါ။" ကွမ်းရှီး သူ့ဆီသို့ လျှောက် လာကာ "လာ၊ လက်ဆောင်တွေအများကြီး ပြင်ပေးထားတာ။ ဖွင့်ကြည့်ကြည့်။"

သူတို့ အိမ်ထဲမှာဆိုပေမဲ့ ကွမ်းရှီးက အရမ်းကိုလှတဲ့ အနက်ရောင်ဂါဝန်တို တစ်ထည်ကို ဝတ်ထားသေးသည်။

Come To My Side (Myanmar Translation)Where stories live. Discover now