Chapter-21

603 67 8
                                    

ကွမ်းရှီးရဲ့ ဒီလိုမျိုးစိတ်ပျက်အားလျော့နေတဲ့ပုံကို ကျန်းဆွေကျိုး လုံးဝမမြင်လိုပေ။

သူ့အမြင်မှာတော့ ဝင့်ဝင့်ကြွားကြွား၊ မာနကြီးကြီးနဲ့ ဘယ်သူ့မှ အထင်မကြီးတတ်တဲ့သူကိုမှ တကယ့်ကွမ်းရှီးလို့ ဆိုနိုင်မည်။ သူ့နံဘေးက သူမလေးကို ဒီလိုပုံဖြစ်သွားအောင် လုပ်လိုက်တဲ့သူတွေကို သူ တကယ်သဘောမကျနိုင် ချေ။

နောက်ပြီး ကွမ်းရှီးက အခုထက်ထိ သူ့
ကောင်မလေးဖြစ်နေသေးသလို သူ့ရဲ့ ဇနီးလောင်းဆိုလည်း မှန်နေသေးသည်၊ ဒီလိုသူမကို အဲ့ဒီလိုမျိုး မလေးမစားနဲ့ မထီမဲ့မြင်ပြု လိုက်တာက...... သူ့ကို မထီမဲ့မြင်ပြုလိုက်တာနှင့် အတူတူပင်။

ညဘက်ကျားလင်ဥယျာဉ်ကို ပြန်ရောက်တဲ့အခါမှာတော့ နှစ်ယောက်သားဟာ ဆိုဖာ တစ်ဖက်တစ်ချပ်ဆီမှာ နေရာယူထားကြသည်။

တစ်ယောက်က ရသစုံရှိုးတွေကြည့်နေပြီး
နောက်တစ်ယောက်ကတော့ ရှုပ်ယှက်ခပ်နေတဲ့ ဒေတာတွေကို ကြည့်နေခဲ့သည်။

"သန်ဘက်ခါ လေလံပွဲတစ်ပွဲရှိတယ်။ တူတူသွားရအောင်။" ကျန်းဆွေကျိုးဟာ လက်ထဲက ipad ကိုချပြီး ပြောလိုက်သည်။

Escape Room ကစားတာကို ပြနေတဲ့ ရှိုးဟာ အခု စိတ်လှုပ်ရှားစရာအကောင်းဆုံးအပိုင်းကို ရောက်နေခြင်းဖြစ်ကာ သူမညီမလေးဖြစ်တဲ့ ကွမ်းကျစ်ယိက ဗီရိုသေးသေးလေးတစ်ခုထဲမှာ ထည့်ပိတ်ခံထားရကာ လျှို့ဝှက်နံပါတ်ကို လေးငါးခါလောက် စမ်းနှိပ်ကြည့်ပေမဲ့ တံခါးက မပွင့်သေးချေ။

ကွမ်းရှီးဟာ လူတစ်ကိုယ်လုံး စခရင်ထဲ ဝင်တော့မတတ်ဖြစ်နေကာ "ဘယ်လိုအသုံးမကျတဲ့ ရှိုးလဲဟ။ ဝန်ထမ်းတွေက သေနေကြလား။ ရှောင်ဝူ အသက်ရှူကျပ်သွားလို့ကတော့ အဲ့ဒီလူတွေ ငါနဲ့ တွေ့မယ်။"

ကျန်းဆွေကျိုးဟာ သူမ ကြည့်နေတဲ့ ဗီဒီယိုကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် သူမဘေးနားကို ဝင်ထိုင်လိုက်သည်။ "ကိုယ်ပြောတာကို ကြားရောကြားရဲ့လား။"

"မဟုတ်ဘူး၊ နင်ကြည့်ဦး၊ ရှောင်ဝူ--"

"မင်း အရမ်းမျောဝင်နေပြီ။" ကျန်းဆွေကျိုး သူမပါးကို ညှစ်ပြီး သူ့ဘက်လှည့်ကြည့်စေ လိုက်သည်။ "အဲ့ဒါ live မှ မဟုတ်တာ။ တကယ် အသက်ရှူကျပ်သွားကြည့်ပါလား။ ဒီရှိုးက လွှင့်ခွင့်တောင် ရှိပါဦးမလား။ မင်းတို့ ကွမ်းမိသားစုလို လုပ်ငန်းစုအကြီးကြီးက ဒီရှိုးကို လွှင့်တဲ့ ရုပ်သံလွှင့်ဌာနကို ဖျက်ဆီးပစ်ပြီးလောက်ပြီလေ။"

Come To My Side (Myanmar Translation)Where stories live. Discover now