Chapter-10

683 65 3
                                    



ခပ်ဝါးဝါး နီယွန်မီးရောင်တွေနဲ့ တဖျတ်ဖျတ် လက်နေတဲ့ လမ်းမီးရောင်တွေဟာ ညနက်လာပြီဆိုသည့်အချက်ကို မီးမောင်းထိုးပြနေသလိုပင်။

လမ်းမပေါ်တွင်လည်း သူတို့အလိုရှိရာနေရာဆီသို့ ဦးတည်ပြေးလွှားနေသော ကားသုံးလေးစီးလောက်သာ ရှိတော့သည်။

သူမရဲ့ ဦးတည်ရာကတော့ ဘယ်လဲဆိုတာကို ကွမ်းရှီးကိုယ်တိုင်လည်း မသိတော့ချေ။ ကားထဲမှာ အကြာကြီးထိုင်နေမိပြီးနောက် သူမဆီကို ကွမ်းရှင်းဟောင်ဆီမှ ဖုန်းတစ်ကောလ် ဝင်လာခဲ့သည်။

"ပါး"

"ရှီးရှီး၊ သမီး ဘယ်ရောက်နေတာလဲ။" ကွမ်းရှင်းဟောင်အသံက သူမ ကြားနေကျအသံအတိုင်း နွေးထွေးနေဆဲပင်။

ကွမ်းရှီး မျက်ရည်တွေ ဝဲလာတော့သည်။

တွေးကြည့်ကြည့်ရင် သူမက အဲ့ဒီလောက်ကြီး ကံဆိုးသည်ဟုလည်း မဆိုနိုင်ပါ။ သူမ ရခဲ့တဲ့ အဖေက အဖေအရင်းမဟုတ်ဘူးဆိုပေမဲ့လည်း သူမအပေါ်ကို အခုလိုမျိုး အရမ်းကောင်းပေးတယ်လေ။

"ဒီနေ့က စုန့်လီမွေးနေ့လေ။ သမီးတို့ သူ့ဆီရောက်နေကြတာ။"

"အဲ့ဒီလိုကိုး။ ဒါဆို ညကျ ပြန်လာမှာလား။ ပြန်လာမယ်ဆို သမီးကို ကြိုဖို့ လူလွှတ်လိုက် မယ်လေ။"

ကွမ်းရှီး စတီယာတိုင်ပေါ်ကို မှောက်အိပ်လိုက် ကာ အသံတိုးတိုးလေးနှင့် "ရတယ်၊ ပါး။ သမီး၊ သမီးတို့ ဒီနေ့ အပြင်မှာပဲ နေဖြစ်ကြမှာ။"

သူမ အိမ်ကိုလည်း မပြန်ချင်ဘူးလေ။

ကွမ်းရှင်းဟောင်က အင်းဟု ဆိုကာ "ရတယ်လေ။ ဒါဆို သမီး ပျော်ပျော်နေ။
ဆွေကျိုး သမီးကို ဂရုစိုက်ပါစေနော်။"

"......ဟုတ်ကဲ့။"

သူ့ဘက်က အသံတိတ်သွားပေမဲ့ ပြောစရာရှိနေသေးမှန်း ကွမ်းရှီး သိတာကြောင့် ဘာမှမပြောဘဲ စောင့်နေလိုက်သည်။

သူမ ထင်သည့်အတိုင်းပင်၊ ကွမ်းရှင်းဟောင် ခဏလောက် တုံ့ဆိုင်းနေပြီးနောက်မှာ ပြောလာခဲ့သည်။ "ယင်းယင် ပြန်လာတာ တော်တော်လေးကြာနေပြီမလား။ ပါပါးနဲ့ သမီးမာမားတို့က ယင်းယင် အသက်ရှင်နေသေးတဲ့အကြောင်းကို သမီးအဘိုးအဘွားတို့ကို ပြောမပြရသေးဘူးလေ။ အခု ပြောပြလိုက်တော့မလားလို့။"

Come To My Side (Myanmar Translation)Where stories live. Discover now