Chapter-13

622 66 5
                                    

ပရိုကျကျဝတ်ဆင်ထားတဲ့ အမျိုးသမီးနှစ် ယောက်ဟာ ဝတ်စုံတွေအကုန်လုံးကို ကွမ်းရှီးအဝတ်လဲခန်းထဲကို သယ်သွားပြီး တစ်ထည် ချင်းထုတ်ကာ စင်ပေါ်မှာ ချိတ်ပေးပြီးနောက် သေသေချာချာ မီးပူတိုက်ပေးကြသည်။

သူတို့ လုပ်လို့ကိုင်လို့ ပြီးသွားတဲ့အချိန်မှာပဲ ကွမ်းရှီးနဲ့ ကျန်းဆွေကျိုးတို့ အပေါ်တက်လာကြသည်။ ကွမ်းရှီးကတော့ သူ့အင်္ကျီတွေပေါ် အာရုံရောက်နေတာကြောင့် အခန်းထဲ ဝင်လာတာနဲ့ တစ်ခါတည်း အင်္ကျီတစ်ထည်ယူပြီး ဟိုကြည့်ဒီကြည့် လုပ်နေတော့သည်။

"အကုန်ရှင်းလင်းပြီးပါပြီရှင့်။" အဲ့ဒီအမျိုးသမီးက ပြောလာခဲ့သည်။

ကျန်းဆွေကျိုး  "ကောင်းပါပြီ။"

"ဒါဆို ကျွန်မတို့ကို ခွင့်ပြုပါဦး။"

"အင်း။"

အမျိုးသမီးနှစ်ယောက်ဟာ ကျန်းဆွေကျိုး ခေါင်းညိတ်ပြတာကို မြင်တဲ့အခါ ကွမ်းရှီးကို နှုတ်ဆက်ပြီး အဝတ်လဲခန်းထဲမှ ထွက်သွားတော့သည်။

ကျန်းဆွေကျိုးက ဆိုဖာပေါ်မှာ ထိုင်လိုက်ကာ အဝတ်တန်းရှေ့မှာ ဟိုတစ်ထည်ကြည့်လိုက် ဒီတစ်ထည်ဝတ်လိုက် လုပ်နေတဲ့ ကွမ်းရှီးကို ကြည့်နေလိုက်သည်။

"မင်းမိဘတွေက နန်ရှန်းပရောဂျက်ထဲမှာ ကွမ်းယင်ကိုရော ပါခိုင်းထားတာလား။"

ကွမ်းရှီး သူမအပေါ်ဝတ်ကုတ်ကို ချွတ်လိုက် ပြီး သူမ သဘောအကျဆုံးတစ်ထည်ကို စမ်း ဝတ်ကြည့်လိုက်သည်။

"နင် ဘယ်လိုလုပ်သိတာလဲ။"

"သူ ဧည့်ခန်းထဲမှာ အဲ့ဒါတွေကြည့်နေတာ တွေ့ခဲ့တာ။"

"ဪ၊ ငါ့အမေက သူ့ကို လေ့လာစေချင်လို့။"

ကျန်းဆွေကျိုး ; "ပထမဆုံးစမ်းကြည့်တဲ့အကြိမ်မှာပဲ ဒီဟာကို ရွေးသွားတာကို မင်းက လက်ခံပေးလိုက်တယ်ပေါ့။"



ကွမ်းရှီး တုံ့သွားကာ သူ့ကို လှမ်းကြည့်လိုက်ပြီး "ဘာအဓိပ္ပာယ်လဲ။"

"ဒီပရောဂျက်ကို ကိုယ်တို့ဘက်က စခဲ့တာ။ နောက်ကျ မင်းအဖေလည်း ပါချင်တယ်လို့ မင်းပြောလာလို့သာ ကိုယ်က လေးပုံတစ်ပုံကို ပေးခဲ့တာ။ မင်းအဖေလည်း ဒီအကြောင်းတွေကိုသိလို့ အဲ့ဒီအချိန်တုန်းက ဒီပရောဂျက်ကို မင်းနာမည်အောက်မှာထားပြီး မင်းကို တာဝန်ယူခိုင်းခဲ့တာလေ။"

Come To My Side (Myanmar Translation)Where stories live. Discover now