Chapter-27

555 57 1
                                    

လမ်းပေါ်မှာ အချိန်အတော်ကြာ ကားလျှောက်မောင်းပြီးတဲ့နောက်မှာတော့ ညကောင်းကင်ယံဟာလည်း တဖြည်းဖြည်းမှောင်စပျိုးလာခဲ့လေပြီ။

နီယွန်မီးတွေ၊ ပိတ်ညပ်နေတဲ့ကားတွေ၊ နောက် လူစုကြီးတွေ...... နေ့အချိန်တုန်းက အိပ်မောကျနေသလို ထင်ရတဲ့ မြို့ကြီးရဲ့ လိုအင်ဆန္ဒတွေဟာလည်း ညရောက်လာတဲ့အခါမှာတော့ နိုးထလာသလိုပင်၊ အရာရာက စည်ကားပြီး ရှုပ်ထွေးနေခဲ့သည်။

ဒီအရှုပ်အထွေးတွေကြားမှာတောင် တိတ်ဆိတ်ပြီး အေးခဲနေတဲ့ နှလုံးသားတစ်ခုတော့ ရှိနေခဲ့လေ၏။

နောက်ဆုံးတော့ ကွမ်းရှီးဟာ အလှအပပြုပြင်ရေးစင်တာရဲ့ ကားပါကင်မှာ ကားကို ရပ်လိုက်တော့သည်။ သူမ လက်တစ်ဖက်က ကားစတီယာရင်ပေါ်မှာ ရှိနေပြီး နားထဲမှာတော့ လန်နင်ယီးရဲ့ တဗျစ်တောက်တောက် စကားသံတွေကို တောက်လျှောက်ကြားနေခဲ့ရသည်။

"အိုင်းယား နာလိုက်တာ။ တော်သေးလို့ fifth generation က fourth generation ထက်စာရင် ခံသာသေးတယ်......အော် mask လည်း ကပ်ရဦးမယ်။ သူတို့ပြောတာ ငါ အရင်တစ်ခေါက်က စိတ်တိုင်းကျလုပ်ခဲ့တဲ့ mask က ကုန်တော့မယ်တဲ့။ ငါ ဘယ်နှခါမှတောင် မသုံးရသေးဘူး၊ ကုန်သွားပြီ...... အေ၊ နင်ရော ဘယ်ရောက်နေတာလဲ။ မြန်မြန်လာခဲ့လေဟာ။"

ကွမ်းရှီး သူမ အနီးနားက ကားတွေကို ကြည့်လိုက်ရင်း ခဏလောက်တိတ်ဆိတ်သွားကာ "အောက်ရောက်နေပြီ။ ခုပဲလာခဲ့မယ်။"

"အိုကေ၊ စောင့်နေမယ်နော်။"

လန်နင်ယီးရဲ့ ဖုန်းလေးတစ်ကောလ်က သူမကို ကယ်တင်ပေးလိုက်သလိုပင်။ ကွမ်းရှင်းဟောင်ရဲ့ ရုံးခန်းကနေ ဆင်းလာကတည်းက သူမတစ်ကိုယ်လုံးက ထုံနေသလို ခံစားနေခဲ့ရသည်လေ။

"ကျွန်မအမြင်မှာတော့ ရှင်က ဘယ်သူကမှ ရှင့်သမီးအရင်းလဲဆိုတာ မခွဲခြားတတ်တော့တဲ့ပုံပဲ။"

သမီးအရင်း......

ဟုတ်တယ်၊ သမီးအရင်းတဲ့။

အစတုန်းက သူမဟာ ကိုယ့်ကိုယ်ကိုယ် အရမ်းအထင်တွေကြီးပြီး ဘယ်အရာကမှ သူမကို ပြိုလဲသွားစေနိုင်မှာ မဟုတ်ဘူးလို့ ထင်ခဲ့မိသည်။

Come To My Side (Myanmar Translation)Where stories live. Discover now