Chapter-17

602 65 0
                                    



၁၀မိနစ်အကြာမှာတော့ ကားလေးဟာ ကျားလင်ဥယျာဉ်ရဲ့ မြေအောက်ကားပါကင်ထဲသို့ ဝင်လာပါတော့သည်။

ကားစက်ရပ်ပြီးနောက် ကျန်းဆွေကျိုး သူမဘက်လှည့်ပြီး ပြောလိုက်သည်။ "အပေါ်တက်။"

ကွမ်းရှီးက ရုပ်တည်ကြီးဖြင့် "ပြောစရာရှိတာ အခုပြောလိုက်တော့။ ပြောပြီးရင် ငါ့ကို ဒရိုင်ဘာနေရာပြန်ပေး။"

ကျန်းဆွေကျိုး မျက်မှောင်ကြုတ်လိုက်ကာ "အပေါ်တက်ပြီးမှ ပြောလို့မရဘူးလား။"

ကွမ်းရှီး စိတ်ကိုတင်းထားရင်း သူမကိုယ်တိုင်တောင် သတိမထားမိပါဘဲ ကားခုံကို အားပြင်းပြင်းနှင့် ဆုပ်ကိုင်လိုက်မိလေ၏။

"ဘာအပေါ်တက်ပြောစရာရှိလို့လဲ။ လမ်းခွဲမယ်ဆိုလည်း မြန်မြန်ပြော။ ဟိုဝေ့ဒီဝေ့လုပ်မနေနဲ့။ ဟုတ်တယ်။ အဲ့ဒီကိစ္စက အမှန်ပဲ။ ငါက မွေးစားသမီးဆိုတာ ပြောပြလိုက်ရင် နင် အထင်သေးမယ်မှန်းသိလို့ ပြောမပြတာ၊ ရပြီလား! ဒီလိုပဲလုပ်ကြတာပေါ့။ ဒီမှာပဲ ရပ်ကြရအောင်။" ကွမ်းရှီး တရစပ်ပြောပစ်လိုက်တော့သည်။

ကျန်းဆွေကျိုး လေးငါးစက္ကန့်လောက် တိတ်သွားကာ "ကိုယ်က လမ်းခွဲမယ်လို့ ပြောမိလို့လား။"

ကွမ်းရှီး သူ့ကို လှည့်ကြည့်မိလိုက်ကာ "နင် အဲ့ဒီမက်ဆေ့ကို ဖတ်ပြီးတာတောင် ငါနဲ့ လမ်းမခွဲချင်ဘူးလား။"

ကျန်းဆွေကျိုး စတီယာရင်ကို လက်ညှိုးနဲ့ နှစ်ချက်လောက်ခေါက်လိုက်ကာ သူ့ဖုန်းကိုထုတ်ပြီး ဖုန်းနံပါတ်အစိမ်းဆီက ပို့လာတဲ့ မက်ဆေ့ထဲကဓာတ်ပုံကို ဖွင့်လိုက်ကြည့်လိုက်သည်။

ခဏလောက်ကြည့်ပြီးတဲ့အခါမှာတော့ "မင်းမိဘတွေက အခုကတည်းက ပိုင်ဆိုင်မှုတွေအကုန်လုံး ကွမ်းယင်ဆီ လွှဲပေးလိုက်ပြီး မင်းအတွက် တစ်ပြားမှ ချန်မပေးထားဘူးတဲ့လား။"

ကွမ်းရှီး ဆတ်ခနဲ လှည့်ကြည့်လာကာ "နင်ဘာပေါက်ကရတွေ လာပြောနေတာလဲ!"

"အဲ့ဒါဆိုရင် ကွမ်းယင်ပြန်ရောက်လာတော့ မင်းမိဘတွေက မင်းကို ဂရုမစိုက်တော့ဘဲ နိုင်ငံခြားပို့ပစ်တော့မယ်တဲ့လား ဒါမှမဟုတ် တခြားတစ်နေရာရာကို ပို့ပစ်တော့မှာတဲ့လား။"

Come To My Side (Myanmar Translation)Where stories live. Discover now