Chapter-18

564 66 0
                                    


ကော်ဖီနံ့သင်းသင်းလေးနှင့်အတူ သီချင်းသံ ခပ်တိုးတိုး ပျံ့လွင့်နေသော ကော်ဖီဆိုင်ထဲတွင် စကားခပ်တိုးတိုးပြောနေကြသောသူတွေ ရှိသလို စားပွဲပေါ်က လက်ပ်တော့ပေါ်မှာပဲ အာရုံစိုက်ပြီး စာရိုက်နေကြသူတွေလည်း ရှိသည်။

ကွမ်းရှီးက ခပ်သွက်သွက် ထွက်သွားကာ ခဏလေးနဲ့တင် ခပ်ဝေးဝေးကို ရောက်သွားတော့သည်။

ကျန်းဆွေကျိုးသည်တော့ နေရာမှာပဲ ထိုင်နေခဲ့ပြီး ထောင့်ချိုးတစ်ခုကို ကွေ့ပြီး မြင်ကွင်းထဲက ပျောက်မသွားခင်အထိ သူမကိုပဲ လိုက်ကြည့်နေခဲ့မိသည်။

ထိုအချိန်မှာပဲ သူ့ဖုန်းသံမြည်လာကာ သူ့အိမ် က ဆက်လာခြင်းဖြစ်သည်။

သူ ကိုင်လိုက်ကာ "ဟယ်လို။"

"ကွမ်းအိမ်က ကိစ္စက တကယ်လား။" ဖုန်းထဲက အမျိုးသမီးရဲ့အသံက အေးစက်နေခဲ့သည်။

ကျန်းဆွေကျိုးသည် ၂ စက္ကန့်လောက် စောင့်ပြီးကာမှ "အင်း။"

"ညကျ အိမ်ပြန်ခဲ့။"

တစ်ဖက်က စကားဆုံးသည်နှင့် ဖုန်းချသွားခဲ့သည်။ ကျန်းဆွေကျိုး ဖုန်းကို ချလိုက်ကာ လက်ထဲက ရေခဲမုန့်ဆီ အကြည့်ရောက်သွားခဲ့သည်။

ကော်ဖီဆိုင်ထဲက အဲကွန်းက အတော်အေးတာကြောင့် ရေခဲမုန့်က အရည်မပျော်သွားသေးပေ။

ကျန်းဆွေကျိုး အဲ့ဒီရေခဲမုန့်ကို စိုက်ကြည့်ရင်း တွေးနေခဲ့သည်မှာ သူ့ရှေ့က အလုပ်တွေအကြောင်း မဟုတ်သလို ညကျ အိမ်ပြန်ရင် ရင်ဆိုင်ရမဲ့လူအကြောင်းလည်း မဟုတ်ခဲ့ချေ။

သူ စိတ်ထဲမှာ နည်းနည်းဘဝင်မကျဖြစ်မိနေ ခြင်းပင်။

သူ အကောင့်ထဲက သုညတွေတစ်တန်းကြီး အကုန်ခံပြီး တစ်နေ့လယ်လုံး အချိန်ဖြုန်းခဲ့ပေမဲ့လည်း ကွမ်းအိမ်က ဖုန်းတစ်ကောလ်နဲ့တင် ကွမ်းရှီးက မနေ့ညကလိုပုံစံ ပြန်ဖြစ်သွားခဲ့လေပြီ။

တစ်ဖက်မှာတော့ ကွမ်းရှီးဟာ ကွမ်းရှင်းဟောင်ကားနဲ့ပါသွားပြီး ခဏလေးနဲ့ အိမ်ပြန်ရောက်သွားတော့သည်။

ဝေ့ရှောက်မင်နဲ့ ကွမ်းယင်တို့လည်း အိမ်မှာရှိနေခဲ့သည်။ ပြန်ရောက်သည်နှင့် ကွမ်းရှီး ပထမဆုံးမြင်လိုက်ရသည်က ကွမ်းယင်ပင်။

Come To My Side (Myanmar Translation)Kde žijí příběhy. Začni objevovat